ဆင်ပေါင်ဝဲမြို့နယ်၌ လေဘေးသင့် ပြည်သူများအား ဆန်ရိက္ခာဖိုးငွေနှင့် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ပေးအပ်

ဆင်ပေါင်ဝဲ ဧပြီ ၂၅

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် ဧပြီ (၂၃) ရက်နေ့ ညနေပိုင်းက လေပွေတိုက်ခတ်မှုကြောင့် သငှားကျေးရွာ၌ လူနေအိမ် (၁၃) လုံး၊ ဘုန်းကြီးကျောင်း (၁) ကျောင်း အမိုးလန်ပျက်စီးခဲ့သည့် လေဘေးသင့်ပြည်သူများအား ဆန်ရိက္ခာဖိုးငွေနှင့် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ပေးအပ်ပွဲကို  ကျေးရွာအရောက် ယနေ့ နံနက် (၁၁) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ထို့နောက်  ဆင်ပေါင်ဝဲမြို့နယ်၊ သငှားကျေးရွာတွင် လေဘေးသင့် အိမ်ထောင်စု (၁၃) စု၊ လူဦးရေ (၄၉) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၅၀၅၀၀ဝိ/-)၊ ဆန်ရိက္ခာဖိုး (၇)ရက်စာ (၁၀၂၉၀ဝိ/-) စုစုပေါင်း ထောက်ပံ့‌ငွေ (၆၀၇၉၀ဝိ/-) အား မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးအရာရှိ ဦးစစ်နိုင်ထွန်းနှင့် ဝန်ထမ်းများက ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ခန့်ဝင်း(ဆင်ပေါင်ဝဲ)