၂၀၂၄-၂၀၂၅ ပညာသင်နှစ် နွေရာသီလူငယ်ကင်းထောက်သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပ

ပြည် ဧပြီ ၂၄

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် (၂၀၂၄-၂၀၂၅) ပညာသင်နှစ် နွေရာသီလူငယ်ကင်းထောက်သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီက ပြည်မြို့ အမှတ် (၁)အခြေခံပညာအထက်တန်းကျောင်း သီရိရတနာခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ အ.ထ.က (၁) ပြည်မှ ကင်းထောက်မောင်မယ်လေးများက "ပြည်သူ့အတွက်အဆင်သင့်" ကင်းထောက်သီချင်းဖြင့် သီဆိုဖျော်ဖြေပြီး ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းအောင်က သင်တန်းဖွင့်အမှာစကား ပြောကြားသည်။

ယင်းနောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့လှူဒါန်းငွေ (၄၀၂၁၂၀၀/-)ကျပ်အား ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းအောင်က ပဲခူးတိုင်းဒေသကြီး ပညာရေးမှူးရုံး(ရုံးခွဲ)ထံသို့ ထောက်ပံ့ပေးအပ်ပြီး အ.ထ.က (၁)ပြည် ကင်းထောက်မောင်မယ်လေးများက "ကင်းထောက်များရဲ့ရှေ့သို့ခြေလှမ်း" သီချင်းဖြင့် ဆက်လက်သီဆိုဖျော်ဖြေကြသည်။

အဆိုပါ ကင်းထောက်သင်တန်းကို ဧပြီ (၂၄) ရက်နေ့မှ ဧပြီ၂၇ရက်နေ့အထိ သင်တန်းသား၊ သင်တန်းသူ (၆၀)ဦးအား စာ​တွေ့/လက်တွေ့ ဘာသာရပ်အလိုက် သင်တန်းပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကိုစိုး(ပြန်/ဆက်)