သဲကုန်းမြို့နယ် ပြည်သူ့ကျန်းမာ​ရေးဦးစီးဌာနတွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ပေး

သဲကုန်း ဧပြီ ၂၃

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်မှုအရ ပဲခူးတိုင်း​ဒေသ​ကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် ပြည်သူ့ကျန်းမာ​ရေးဦးစီးဌာနတွင် ယမန်နေ့က အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုများ(အခမဲ့) ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

ထိုသို့အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးရာတွင် မြို့နယ်ဆရာဝန်ကြီးဒေါက်တာဦးစိုးမင်းထွေးဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက နိုင်ငံ့တာဝန်ကိုကျေပွန်စွာထမ်းဆောင်ခဲ့ကြသော အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား နှလုံး၊ သွေးတိုး၊ ဆီးချိုစသည့် ကျန်းမာရေးဆိုင်ရာရောဂါများကို စစ်ဆေးပေးခြင်း၊ ဆေးကုသမှုပေးခြင်း၊ ဆေးဝါးများ အခမဲ့ဖြန့်ဝေပေးခြင်းနှင့် လိုအပ်သည့်ကျန်းမာရေးဆေးကုသခြင်းများများကို (အခမဲ့) စစ်ဆေးဆောင်ရွက် ကုသပေးခဲ့သည်

သဲကုန်းမြို့နယ်အတွင်းရှိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ငွေကြေးကုန်ကျမှုမရှိစေဘဲ ကျန်းမာရေးတိုးတက် ကောင်းမွန်စေရေး၊ ရောဂါများဖြစ်ပွားနေပါက ​စောလျင်စွာ ကုသခြင်းဖြင့် နောက်ဆက်တွဲ ဆိုးကျိုးများမဖြစ်ပေါ်စေရေး၊ ဆောင်ရန်/ရှောင်ရန်များအား သေချာစွာ သိရှိနားလည်ပြီး သက်တမ်းစေ့နေထိုင်သွားနိုင်စေရန်ရည်ရွယ်၍ ကျန်းမာရေးစောင့်ရှောက်မှုများ ​ဆောင်ရွက်ပေး​ခြင်း​ဖြစ်ကြောင်း မြို့နယ်​ပြည်သူ့ကျန်းမာ​ရေး​ဦးစီးဌာနမှ သိရှိရသည်။

ကိုကျော်(ပြန်/ ဆက်)