ရွှေတောင်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်ပျက်စီး

ရွှေတောင် ဧပြီ ၂၃

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်း ယမန်နေ့ညနေ (၅း၁၀) နာရီ အချိန်ခန့်က ရုတ်တရက် လေပြင်းတိုက်ခတ်ပြီး မိုးရွာသွန်းမှုကြောင့် ဒုရင်ဒုဘိုကျေးရွာအုပ်စု၊ မြို့မကျေးရွာအုပ်စု၊ နွားမယံကျေးရွာအုပ်စု၊ ဇယ်မကျေးရွာအုပ်စုနှင့် ထန်းကုန်းကျေးရွာအုပ်စုတို့တွင် လူနေအိမ်(၅) လုံးပြိုကျခဲ့ပြီး၊ လူနေအိမ်(၂၈) လုံးအမိုးလန်ပျက်စီးခဲ့ကြောင်း သိရသည်။

ထိုသို့ ရုတ်တရက် လေပြင်းတိုက်ခတ်ပြီး မိုးရွာသွန်းမှုကြောင့် ဒုရင်ဒုဘိုကျေးရွာအုပ်စုရှိ ကျေးရွာ (၄) ရွာတွင် လူနေအိမ် (၃)လုံး ပြိုကျပြီး လူနေအိမ်  (၁၁) လုံးအမိုးလန်၊ မြို့မကျေးရွာအုပ်စုအတွင်းရှိ ဆင်ရှင်ကျေးရွာတွင်လူနေအိမ် (၂) လုံး အမိုးလန်၊ နွားမယံကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ (၃)ရွာတွင် လူနေအိမ် (၈) လုံး အမိုးလန်၊ ထန်းကုန်းကျေးရွာအုပ်စု၊ ထန်းကုန်းကျေးရွာ၊ ရွာသစ်ကုန်းကျေးရွာနှင့် ဝါးတောသာကျးရွာတို့တွင် လူနေအိမ်  (၂)လုံးပြိုကျပြီး လူနေအိမ် (၇)လုံး အမိုးလန်ပျက်စီးဆုံးရှုံးခဲ့သည်။

 အဆိုပါ လေဘေးသင့်၍ ပြိုကျ/အမိုးလန်ခဲ့သည့် လူနေအိမ်များရှိ အိမ်ထောင်စုများအား ယာယီနေထိုင်နိုင်ရေး၊ အမြန်ဆုံးပြုပြင်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ ဦးဟံဝင်းအောင်၏ ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးရုံးမှ လိုအပ်သည်များ ဆောင်ရွက်ပေးလျက်ရှိပြီး လေပြင်းတိုက်ခတ်မှုကြောင့် လူနှင့်တိရစ္ဆာန်များ တစ်စုံတစ်ရာ ထိခိုက်ဒဏ်ရရှိမှုမရှိကြောင်း သိရသည်။

ကိုကိုမင်း (ပြန်/ဆက်)