ပေါင်းတည်မြို့နယ်လူထုအခြေပြုဗဟိုဌာနတွင် (Book Club) အဖွဲ့ဝင်များ စာဖတ်ဝိုင်းကျင်းပ

ပေါင်းတည် ဧပြီ ၂၃

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ နေ့လယ် (၂) နာရီက  (Book Club) အဖွဲ့ဝင်များသည် စာရေးဆရာ ဒေါက်တာခင်မောင်ညို၏ လူငယ်နှင့်အကောင်းဆုံးဘဝကို တည်ဆောက်ခြင်းစာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြသည်။

ထိုစာဖတ်ဝိုင်းတွင် ဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်အေးဆုစံက မိတ်ဆက်စကားနှင့် ကျေးဇူးတင်စကားပြောကြားသည်။ ဆက်လက်၍ Book Club အဖွဲ့မှ ဦးကျော်ဝင်းက စာအုပ်ပါ ခေါင်းစဉ်များထဲမှ လူသားတွေရဲ့စွမ်းဆောင်မှု၊ လူမျိုးမြင့်ဖို့ စာဖတ်စို့နှင့် အသုံးကျခြင်းနှင့် နှလုံးလှခြင်း ခေါင်းစဉ်ပါ အကြောင်းအရာများကို ဖတ်ကြားဆွေးနွေးခဲ့ပြီး အဖွဲ့ဝင် မောင်မြင့်​ဇော်ဦးက လူငယ်နှင့် တာဝန်သိမှု၊ လူငယ်နှင့်အကောင်းဆုံးဘဝကို တည်​ဆောက်ခြင်းခေါင်းစဉ်ဖြင့် စာရေးသူက စေတနာဖြင့် ရေးသားထားသော အသိပညာပေး အကြောင်းအရာများကို ပြန်လည်ရှုမြင်ကာ ဆွေးနွေးတင်ပြသည်။

ယင်းနောက် စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသူများက စာအုပ်ပါအကြောင်းအရာများနှင့် ပတ်သက်၍ အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး ထိုစာဖတ်ဝိုင်းသို့ (Book Club) အဖွဲ့ဝင် (၁၁)ဦး တက်ရောက် ဖတ်ကြားဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သူရကြီး ( ပြန်/ဆက်)