ပေါင်းတည်၌ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာများ စတင်ထုတ်ပေး

ပေါင်းတည် ဧပြီ ၂၃

ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၌ အငြိမ်းစားဝန်ထမ်းများအတွက် ပင်စင်လစာများကို ယမန်နေ့နံနက် ရုံးဖွင့်ချိန်မှစ၍ မြို့နယ်မြန်မာ့စီးပွားရေးဘဏ်က စတင်ထုတ်​ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ပေါင်းတည် မြန်မာ့စီးပွားရေးဘဏ်မှ ယနေ့တွင် နိုင်ငံရေးပင်စင်စား ၄၃ဦး၊ ကာကွယ်ရေးပင်စင်စား (၁၀၃) ဦး၊ မြို့ပြပင်စင်စား (၃၃၄) ဦး၊ စုစုပေါင်း(၄၈၀) ဦးအား ပင်စင်လစာများကို ထုတ်ပေးခဲ့ကြောင်းနှင့် အ​ငြိမ်းစားပင်စင်လစာများကို နောက်ရက်များတွင် ဆက်လက်ထုတ် ပေးသွားမည်ဖြစ်ကြောင်း ပေါင်းတည် မြန်မာ့စီးပွားရေးဘဏ်မှ သိရသည်။

ယနေ့တွင် ပင်စင်လစာထုတ် အငြိမ်းစားဝန်ထမ်းများအား  ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနက အခမဲ့ကျန်းမာရေး ဝန်ဆောင်မှုများပေးကာ ကျန်းမာရေးစောင့်ရှောက်ပေးခဲ့ကြကြောင်းလည်း သိရသည်။

သူရကြီး(ပြန်/ဆက်)