နတ်မောက် ဧပြီ ၂၃
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် မြန်မာ့စီးပွာရေးဘဏ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစား ပင်စင်စားများအား ပင်စင်လစာငွေများကို ယမန်နေ့နံနက် (၇) နာရီအချိန်ခန့်ကစတင်ပြီး ထုတ်ပေးလျက်ရှိသည်။
အဆိုပါနိုင်ငံ့ဝန်ထမ်း အငြိမ်းစားများပင်စင်ထုတ်ယူရာတွင် အဆင်ပြေစေရေးအတွက် ဧပြီ(၂၂)ရက် နေ့မှ(၃၀)ရက်နေ့အထိ နတ်မောက်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ ပင်စင်စားများအား နေ့စဉ်နံနက်(၇)နာရီမှ ညနေ(၃)နာရီအထိ ထုတ်ပေးသွားမည်ဖြစ်သည်။ ထို့ပြင်သတ်မှတ်ရက်များတွင် လာရောက်မထုတ်ယူနိုင်သော ပင်စင်စားများအား မေလဆန်းပိုင်းတွင် ဘဏ်လုပ်ငန်းချိန်အတွင်း၌ လာရောက်ထုတ်ယူနိုင်ကြောင်း မြို့နယ်မြန်မာ့စီးပွားရေးဘဏ် တာဝန်ရှိသူထံမှ သိရသည်။
လှဝင်း