ရှမ်းရွာသစ်မြို့တွင် မူးယစ်ဆေးဝါးအန္တရာယ်ကင်းဝေးစေရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

ရှမ်းရွာသစ်   ဧပြီ  ၂၃

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကျောင်းသား/သူများ မူးယစ်ဆေးဝါးအန္တရာယ်မှ ကင်းဝေးစေရန်နှင့် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်ရည်ရွယ်၍ ယနေ့နံနက်(၉)နာရီအချိန်တွင် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးနှင့် အငယ်တန်းစာရေး(အင်အားပြ)တို့က ကျောင်းသား/သူများ မူးယစ်ဆေးဝါးအန္တရာယ်နှင့်ပတ်သက်၍ ရှောင်ကြဉ်ရန်နှင့် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း ဗဟုသုတရရှိစေရန်အတွက် ၁၉ ရာစု နှောင်းပိုင်းတွေ့ရှိရသော  မူးယစ်ဆေးဝါးအမျိုးအစားများ၊  မူးယစ်ဆေးဝါးဟူသည်၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းဖြင့် ဖြစ်ပေါ်နိုင်သော စိတ်ပိုင်းဆိုင်ရာဆိုးကျိုးနှင့် ရုပ်ပိုင်းဆိုင်ရာများ၊ မူးယစ်ဆေးဝါးအန္တရာယ်ကင်းစင်ရေး ကျောင်းသားလူငယ်များ လိုက်နာရမည့်အချက်များကို ကရင်၊ မြန်မာနှစ်ဘာသာဖြင့်  ကျောင်းသား၊ ကျောင်းသူအရွယ် ကလေးသူငယ်များအား အသိပညာပေးဟောပြောခဲ့သည်။

ထို့နောက် ကျောင်းသား/သူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော မူးယစ်ဆေးဝါးအန္တရာယ်နှင့်ပတ်သက်၍ အသိပညာပေးနံရံကပ်စာစောင်များကို ပြသထားရာ ကျောင်းသား/သူများက စိတ်ဝင်စားစွာကြည့်ရှုလေ့လာမှတ်သားခဲ့ကြောင်း သိရသည်။

ဇင်လေး(ပြန်/ဆက်)