မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့သည် ကြံခင်းမြို့နယ် အခြေခံစာတက်မြောက်ရေးလုပ်ငန်း စာသင်ဝိုင်းများအား လိုက်လံကြည့်ရှုအားပေး

ကြံခင်း ဧပြီ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမျိုးလှိုင်နှင့် အဖွဲ့သည် ကြံခင်းမြို့နယ်အတွင်းရှိ အခြေခံစာတက်မြောက်ရေးလုပ်ငန်းဆောင်ရွက်နေသော စာသင်ဝိုင်းများတွင် စာသင်ကြားနေမှုကို ယနေ့နံနက်(၉)နာရီအချိန်က မြို့နယ်အတွင်းရှိ စာသင်ဝိုင်းများသို့ လိုက်လံကြည့်ရှုအားပေးခဲ့​သည်။

ထိုသို့လိုက်လံကြည့်ရှူရာတွင် မြန်အောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်နှင့် အဖွဲ့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်နှင့် သက်ဆိုင်ရာဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ကြံခင်းမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတက်မြောက်ရေးအတွက် အခြေခံစာတက်မြောက်ရေးလုပ်ငန်း ဆောင်ရွက်လျက်ရှိသော စာသင်ဝိုင်း(၁၄)နေရာတွင် ဆရာ/ဆရာမ(၁၄)ဦးဖြင့် သင်ကြားပို့ချပေးလျက်ရှိသော စာသင်သား(၂၁၁)ဦးအား စာသင်ကြားပေးနေခြင်းများကို လိုက်လံကြည့်ရှုအားပေးကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)