ဒေးဒရဲမြို့နယ်တွင် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း စာသင်ဝိုင်းများတွင် သင်ကြားနေမှုများအား  လိုက်လံကြည့်ရှုအားပေး

ဒေးဒရဲ ဧပြီ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသား ပြည်သူများ စာတတ်မြောက်ရေးအတွက် ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ အခြေခံစာတတ်မြောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် စာသင်ဝိုင်းများတွင် သင်ကြားနေမှုများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ဒေးဒရဲမြို့နယ်တွင် ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေး၏ ကဏ္ဍတစ်ခုဖြစ်သည့် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ဆောင်ရွက်လျက်ရှိသော စာသင်ဝိုင်းများသို့ သွားရောက်၍ စာသင်သားများ သင်ကြားနေမှုများ လိုအပ်ချက်များ၊ အခက်အခဲများနှင့် တင်ပြမှုများအပေါ် ပေါင်းစပ်ဆောင်ရွက်ခြင်းနှင့် စာသင်သားများအား တူညီဝတ်စုံများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 ဒေးဒရဲမြို့နယ်တွင် အခြေခံစာတတ်မြောက်ရေးအတွက် နည်းပြဆရာ(၄၃)ဦးမှ စာသင်ဝိုင်း(၄၃)ဖြင့် သင်ကြားပေးလျက်ရှိရာ စာသင်သား (၆၄၉)ဦး တက်ရောက် သင်ယူလျက်ရှိပြီး ၂၀၂၄ ခုနှစ် ဧပြီလ (၈)ရက်နေ့မှ  မေလ (၂၀)ရက်နေ့ထိ  တစ်ရက်လျင် ပျမ်းမျှ ၃နာရီနှုန်းဖြင့် ရက်ပေါင်း (၄၀)၊ နာရီပေါင်း(၁၂၀)ကြာ သင်ကြားပို့ချသွားမည် ဖြစ်ကြောင်း သိရသည်။

အေဇာလင်း