ဘိုကလေးမြို့နယ်တွင် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းများ အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်နေ

ဘိုကလေး ဧပြီ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ အခြေခံစာတတ်မြောက်ရေးလုပ်ငန်းအဖြစ် ဧပြီ (၈)ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့ရာ ယနေ့အထိ အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

အခြေခံစာတတ်မြောက်ရေးလုပ်ငန်းသည် အကြောင်းအမျိုးမျိုးကြောင့် ငယ်စဉ်က မူလတန်းပညာ ပြီးဆုံးအောင်မသင်ကြားခဲ့ရသူများ စာတတ်မြောက်စေရေး၊ လူမှုဘဝမြင့်မားရေး၊ ဒေသအလိုက်စာတတ်မြောက်မှု တိုးတက်စေရေးအတွက် အထောက်အကူဖြစ်စေရေးတို့အတွက် ဆောင်ရွက်ခြင်းဖြစ်ပြီး ဘိုကလေးမြို့နယ်တွင် အခြေခံပညာဆရာ/မ (၁၁၅)ဦး၊ ကြီးကြပ်(၁၂)ဦးတို့က ဧပြီ(၈)ရက်နေ့မှစတင်ကာ မြို့နယ်အတွင်း၌ စာသင်ဝိုင်း(၁၁၅)ဝိုင်းဖွင့်လှစ်၍ ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများအား မေလ(၈)ရက်နေ့အထိ အခြေခံစာတတ်မြောက်ရေးအတွက် သင်ကြားပို့ချလျက်ရှိကြောင်းနှင့် အဆိုပါ စာတတ်မြောက်ရေးလုပ်ငန်း စာသင်ဝိုင်း(၁၁၅)ဝိုင်း၌ စုစုပေါင်း သင်တန်းသား/သူ မိဘပြည်သူ(၁၄၅၀)ဦး တက်ရောက်ကြကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)