ဘိုကလေး ဧပြီ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယနေ့နံနက်(၁၀)နာရီ အချိန်၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်း တာဝန်ပေးအပ်ပွဲ အခမ်းအနား ကျင်းပဆောင်ရွက်သည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံကိန်းဦးစီးမှူးနှင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ကြပြီး အခမ်းအနားတွင် မြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီ၊ ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံဝင်းက ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် မြို့နယ်အတွက် အားကိုးအားထားပြုရသည့် စိုက်ပျိုးရေးကဏ္ဍအတွက် ရေတော်မိုးတော် စိုက်ဧကများ၊ ပိုက်ဆံလျှော်များ ထည့်သွင်းစိုက်ပျိုးရန် ရည်မှန်းထားကြောင်း၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် စိုက်ဧက(၁)ဧကလျှင် တင်း(၁၀၀)ကျော်ထွက်ရှိရေး ရည်မှန်းချက်ပြည့်မှီရန် ယခု၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်ထားသော မွေးမြူရေးကဏ္ဍများ၊ MSME လုပ်ငန်းများကိုလည်း ပိုမိုတိုးတက်ဖွံ့ဖြိုးရန် ဝိုင်းဝန်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း အမှာစကား ပြောကြားသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်စီမံကိန်းဦးစီးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မာမာဆွေတို့က ယခုဘဏ္ဍာနှစ်တွင် ဆောင်ရွက်ရန်ရှိသည့် စီမံကိန်းတာဝန်များအား သက်ဆိုင်ရာ ဌာနများအလိုက် ဆက်လက်ပေးအပ်ခဲ့ကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)