မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့်အဖွဲ့သည် သရက်မြို့နယ်ရှိ အခြေခံစာတတ်မြောက်ရေး စာသင်းဝိုင်းများအား ကြည့်ရှုအားပေး

သရက် ဧပြီ ၂၀

မကွေးတိုင်းဒေသကြီး သရက်မြို့နယ်အတွင်းရှိ ပိတောက်ပင်ကျေးရွာ၊ မုဆိုးရင်ကျေးရွာတို့တွင် အကြောင်းအမျိုးမျိုးကြောင့် မူလတန်းပညာပြီးဆုံးသည်ထိ မသင်ကြားခဲ့ရသူများ၊ စာမတတ်သူများ ပညာရေးနှင့်ရင်းနှီးကျွမ်းဝင်ပြီး စာတတ်မြောက်ရေးမြှင့်တင်နိုင်ရေးအတွက် သင်ကြားနေသည့် စာသင်းဝိုင်းများကို မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက ယမန်နေ့ နံနက်(၈)နာရီက ကြည့်ရှုအားပေးကာ နည်းပြများအတွက် ထောက်ပံ့ငွေ (၂၈)သိန်းကို ပေးအပ်ခဲ့ကြောင်း သိရသည်။

စာတတ်မြောက်ရေးမြှင့်တင်နိုင်ရန်အတွက် ပညာရေးဝန်ကြီးဌာန၊ ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေးဦးစီးဌာနက အခြေခံစာတတ်မြောက်ရေးလုပ်ငန်း အခြေခံစာစဉ်များ သင်နည်းလမ်းညွှန် ၂၀၂၄ ခုနှစ်မှ အခြေခံ(သင်္ချာ)၊ အခြေခံ(မြန်မာစာ) စသည်များ သင်ကြားပေးလျက်ရှိကြောင်း သိရှိရသည်။

အခြေခံစာတတ်မြောက်ရေးလုပ်ငန်းများအား သရက်မြို့နယ်အတွင်းရှိ ကျေးရွာ (၂၄)ရွာတွင် စာသင်ဝိုင်း (၂၄)ဝိုင်း၊ လူဦးရေ (၃၆၂)ဦးကို နည်းပြ (၂၄)ဦး၊ ကြီးကြပ်သူ (၄)ဦး၊ အဆင့်မြင့်ကျောင်းသား (၂)ဦး စုစုပေါင်း (၃၀)ဦးတို့က ဧပြီ(၆)ရက်မှ မေလ (၁၅)ရက်ထိ ရက်ပေါင်း (၄၀)ကြာ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

ဇော်ထက်(သရက်)