ဖြူး ဧပြီ ၂၀
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ညောင်ပင်သာကျေးရွာအုပ်စု၊ ဇီးဖြူခင်ကျေးရွာ တွင် မြစိမ်းရောင်စီမံကိန်းအတိုးရငွေ (၅၀)ရာခိုင်နှုန်း၊ ငွေကျပ်(၁၆၉)သိန်းဖြင့် ကျေးရွာတွင်း ကျောက်ရောမြေလမ်းခင်းခြင်းနှင့် ရေသန့်စက်တပ်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအား မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ တာဝန်ရှိသူများက ဧပြီလ(၂၀)ရက်နေ့၊ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကျေးရွာတွင် (၃-၃-၂၀၂၄) ရက်နေ့မှစတင်ကာ ကျောက်ရောမြေခင်းလမ်း အရှည် (၃၁၆၀)ပေ၊ အကျယ်(၁၂)ပေ၊ ထု(၆)လက်မ၊ ရေသန့်စက်တပ်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက် ခဲ့ရာ ပြီးစီးမှုအခြေအနေအား ဖြူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ် ဦးစီးမှူး ဦးကျော်မျိုးအောင်နှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခြင်းဖြစ်ကြောင်းနှင့် ကျေးရွာရှိ အိမ်ခြေ (၂၂၀)၊ လူဦးရေ (၁၂၈၆)ဦးအတွက် လမ်းပန်း ဆက်သွယ်ရေးနှင့် သောက်သုံး ရေ ရရှိရေးအတွက် အကျိုးရှိမည်ဖြစ်ကြောင်း ကျေးရွာနေပြည်သူများထံမှ သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)