နတ်တလင်းမြို့နယ်၌ နွေစပါးစံကွက်ရိတ်သိမ်းခြင်း ဆောင်ရွက်

နတ်တလင်း ဧပြီ ၂၀

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ် ကြေးတိုင်းနှင့်မြေစာရင်းဦးစီးဌာနတို့ ပူးပေါင်း၍ နွေစပါးစံကွက်ရိတ်သိမ်းခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်က တင်ပြင်ခွေကျေးရွာအုပ်စုရှိ ကွင်းအမှတ် (၃၅၈) တွင် နယူးဧရာ ၁ စံကွက်နှင့် ဗီယက်နမ်မျိုး စံပြကွက် ရိတ်သိမ်းခြင်း ဆောင်ရွက်ခဲ့သည်။

အဆိုပါ တင်ပြေခွေကျေးရွာအုပ်စု ကွင်းအမှတ် (၃၅၈) တွင် တောင်သူ ဦးလှကြည်၏ နယူးဧရာ ၁ (၃၀) ဧကတွင် စံကွက်အစိုတင်း တစ်ဧက အထွက်နှုန်း ၁၈၃တင်းနှုန်းနှင့် တောင်သူ ဦးလှရွှေ၏‌ ဗီယက်နမ်မျိုး (၁၀) ဧကတွင် စံကွက်အစိုတင်း တစ်ဧကအထွက်နှုန်း ၁၇၅ တင်းနှုန်း ထွက်ရှိကြောင်း သိရသည်။

နွေစပါးစံပြကွက်ရိတ်သိမ်းခြင်းဆောင်ရွက်ရာသို့ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမြင့်သူနှင့် ဝန်ထမ်းများ၊ကြေးတိုင်းနှင့်မြေစာရင်းဦးစီးဌာနမှ ဝန်ထမ်းများ၊ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဝေယံဖြိုး (နတ်တလင်း)