မြဝတီ ဧပြီ ၂၀
ကရင်ပြည်နယ်၊ မြဝတီမြို့ သမိုင်းဝင်ရွှေမြင်းဝန်စေတီတော်မြတ်ကြီးတွင် ဥပ္ပါတသန္တိပါဠိတော် ရွတ်ဖတ်ပူဇော်ခြင်းအား ယမန်နေ့နံနက်ပိုင်းအချိန်က ဘုရားကြီးမြောက်ဘက်မုဒ်တွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ နမောတဿ (၃)ကြိမ် ရွတ်ဆိုပူဇော်၍ အခမ်းအနားအား ဖွင့်လှစ်ပေးခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်မှ ဆရာတော်သံဃာတော်များအား လှူဖွယ်ဝတ္ထုအစုစုတို့အား ဆပ်ကပ်လှူဒါန်ပေးခဲ့ပြီး ဆရာတော်သံဃာတော်များထံမှ ငါးပါးသီလ ဆောက်တည်ခံယူကြပြီးနောက် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။
ထို့နောက် ဥပ္ပါတသန္တိကျမ်းအား ရွတ်ဖတ်ပူဇော်ရာ မြဝတီမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများမှ အရှင်သူမြတ်အပါး (၃၀)တို့မှ ယမန်နေ့နံနက် မင်္ဂလာအချိန်မှစတင်၍ ၅ ရက်တိုင်တိုင်အသံမစဲ ရွတ်ဖတ်ပူဇော်ကြမည်ဖြစ်ကြောင်း သိရှိရသည်။
ခရိုင် (ပြန်/ဆက်)