စလင်း ဧပြီ ၁၉
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ အုန်းတောကျေးရွာတွင် ယနေ့ နံနက် ၈ နာရီ ၁၀ မိနစ်အချိန်ခန့်က ထမင်းဟင်းချက်ပြုတ်စားသောက်ရာ မီးကြွင်းမီးကျန်မှတဆင့် လူနေအိမ် တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
အုန်းတောကျေးရွာနေ ဦးတင်မြင့် အသက် (၅၈) နှစ်၊ အဘ ဦးသိန်းမောင်၊ လေးပင်အိမ်၊ သွပ်မိုး၊ ထရံကာ၊ ဝါးကြမ်းခင်း၏နေအိမ်တွင် ထမင်းဟင်းချက်ပြုတ်ရာ မီးကြွင်းမီးကျန်မှတဆင့် အနီးရှိ ထရံအား မီးစတင်လောင်ကျွမ်းခဲ့ကာ မိမိ၏အိမ်တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်းသိရသည်။
ယင်းသို့မီးလောင်နေမှုအား မြို့နယ်မီးသတ်ဦးစီးဌာနမှ သတင်းရလျှင်ရခြင်း စလင်းမြို့ အနောက်ဘက် (၈) မိုင်ခန့်အကွာ အုန်းတောကျေးရွာသို့ မီးသတ်ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင် (၁၂) တို့နှင့်အတူ အုန်းတောကျေးရွာရှိ ဒေသခံပြည်သူများနှင့် ပူးပေါင်းငြှိမ်းသတ်ကြရာ နံနက် ၈ နာရီ ၂၅ မိနစ်ခန့်တွင် မီးသတ်ယာဥ် (၁) စီး၊ ရေသယ်ယာဥ်တစ်စီး ဒေသခံပြည်သူများ၏ မီးသတ်ဒိုင်းရှင်းစက်များဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ လုံးဝမီးငြှိမ်းသတ်နိုင်ခဲ့ပြီး လူနှင့်တိရစ္ဆာန် ထိခိုက်သေဆုံးမှုမရှိကြောင်းသိရပြီး မီးကြွင်းမီးကျန် ပေါ့ဆစွာအသုံးပြုသူ ဦးတင်မြင့်အား နယ်မြေရဲစခန်းမှ ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာန မှ သိရှိရသည်။
(မောင်လွင်)စလင်း