ကန်ကြီးထောင့်မြို့နယ်တွင် မြို့နယ်အဆင့်မဟာသင်္ကြန်မဏ္ဍပ်ပိတ်ပွဲ အခမ်းအနားကျင်းပ

ကန်ကြီးထောင့် ဧပြီ ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် မြို့နယ်အဆင့်မဟာသင်္ကြန်ပွဲတော်အား စည်ကားသိုက်မြို့စွာ ကျင်းပခဲ့ပြီဖြစ်ရာ အဆိုပါ သင်္ကြန်မဏ္ဍပ်ပိတ်ပွဲအခမ်းအနားအား ဧပြီလ ၁၆ နေ့ ညနေပိုင်းက အမှတ် (၁) ရက်ကွက်၊ ကမ်းနားလမ်းရှိ ကမ်းသာယာ“View Point”တွင် ကျင်းပပြုလုပ်ခဲ့သည်။

သင်္ကြန်မဏ္ဍပ်ပိတ်ပွဲအခမ်းအနားတွင် မြို့နယ်အတွင်းရှိ တိုက်နယ်အသီးသီးမှလာရောက်ကပြ ဖျော်ဖြေပေးခဲ့ကြသာ ယိမ်းအဖွဲ့များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်အောင်နှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက ဂုဏ်ပြုဆုငွေများအသီးသီး ပေးအပ်ချီးမြှင့်ပးခဲ့ကြပြီး အခမ်းအနားအား “မန်းတောင်ရိပ်ခို”သီချင်းသီဆို၍ ပိတ်သိမ်းပေးခဲ့ကြသည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်အောင်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးရဲနိုင်လွင်နှင့် အဖွဲ့များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိသူများနှင့် ဧည့်ပရိတ်သတ် ပြည်သူများတက်ရောက်ခဲ့ကြကြောင်း သိရသည်။

ကျော်ဇင်စိုး (ပြန်/ဆက်)