ဇီးကုန်း နိုဝင်ဘာ ၆
ပဲခူးတိုင်ဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက် နေ့၌ ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ကျန်းမာရေးအခြေ အနေအရ မဲရုံသို့ မလာရောက်နိုင်သော မဲပေးပိုင်ခွင့်ရှိသူများ မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးအတွက် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲများက ယနေ့နံနက်ပိုင်းတွင် နေအိမ်များ သို့သွားရောက်၍ ကြိုတင်ဆန္ဒမဲများ ကောက်ယူပေးလျှက်ရှိကြောင်းသိရသည်။
ဇီကုန်းမြို့နယ်အတွင်း ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ၏ ကြိုတင်ဆန္ဒမဲပေးခြင်းကို အောက်တိုဘာလ ၂၉ ရက်နေ့မှ နိုင်ဝင်ဘာလ ၅ ရက်နေ့အထိ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကြိုတင်ဆန္ဒမဲရုံများဖွင့်လှစ်ပြီး အသက် (၆၀)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများ၊ ရွေးကောက်ပွဲလုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်နေသူများ၊ လုံခြုံရေး တာဝန်ယူ ဆောင်ရွက်နေသူများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များသည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ရေးနည်း လမ်းများနှင့်အညီ ကောက်ခံပြီး၊ ကျန်းမာရေး အခြေအနေကြောင့် မဲရုံများသို့ သွားရောက်ရန်ခက်ခဲ နေသော အသက်အရွယ်ကြီးလွန်းသူများ၊ အချုပ်ကျနေသူများ၊ ဆေးရုံများတွင် အတွင်းလူနာ အဖြစ်တက်ရောက်နေသူများ၊ မသန်စွမ်းသူများနှင့်အနာကြီးရောဂါသည်များကို နိုဝင်ဘာလ ၆ ရက်နှင့် ၇ ရက်နေ့ တို့တွင် အိမ်တိုင်ရာရောက် လိုက်လံကောက်ယူ ပေးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲများမှ တာဝန်ရှိသူများ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဦးစီးဌာနဝန်ထမ်း များနှင့် ပူးပေါင်းကာ မဲဆန္ဒရှင်များ၏နေအိမ်များသို့သွားရောက် ကောက်ယူလျှက်ရှိပြီး၊ ဇီးကုန်းမြို့နယ်တွင် ယမန်နေ့ကအထိ ကြိုတင်ဆန္ဒမဲပေးပြီးသူ (၇၀၇၇)ဦးရှိကြောင်း မြို့နယ်ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။
တင့်ဆွေ(ပြန်ဆက်)