စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့နယ်အတွင်း နယ်စပ်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေကျပ်(၇၆၃ဒသမ၆၀၆)သန်းဖြင့်ဆောင်ရွက်သည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက် ပြီးစီး

လဟယ်  နို၀င်ဘာ  ၆


စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့နယ်အတွင်း၂၀၁၉ -၂၀၂၀ဘဏ္ဍာရေးနှစ် စစ်ကိုင်းတိုင်းဒေသကြီးနယ်စပ်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ(၇၆၃ဒသမ၆၀၆) သန်းဖြင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ခွင့်ပြု ဆောင်ရွက်ခဲ့ရာ လုပ်ငန်းအားလုံးရာနှုန်းပြည့်ဆောင်ရွက် ပြီးစီး ကြောင်း သိရသည်။
အဆိုပါဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ၂၄ပေအကျယ် မြေသားလမ်း(၅/၄)မိုင် ဖောက်လုပ်ခြင်း မော်တော် ဆိုင်ကယ်လမ်း(၄)ပအကျယ်(၃၇)မိုင်းဖောက်လုပ်ခြင်း၊Box Culvent(၁၅)စင်းတည် ဆောက်ခြင်း၊ ဘေလီ တံတား (၁)စင်း တည်ဆောက်ခြင်း၊စိမ့်စမ်းရေသွယ်တန်းခြင်း(၇/၀)မိုင်၊ ဆော်လော်(အ.လ.က)(ခွဲ)(၆၀×၃၀) ပေဆောက်လုပ်ခြင်းနှင့်ကျေးလက်မီးလင်းရေးအတွက်ဆိုလာ(၁၄၄)စုံ၊ဘိလပ်မြအိတ်(၆၀၀)အိတ်ကိုလိုအပ်သည့်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းအတွက်ဖြန့်ဝေခြင်းစသည့်လုပ်ငန်းများပါ၀င်ပြီး၎င်း
လုပ်ငန်းကို စစ်ကိုင်းတိုင်းဒေသကြီး၊တိုင်းအစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့်ဆောင်ရွက်ခဲ့ရာ လုပ်ငန်းအားလုံး သတ်မှတ် စံချိန်စံညွှန်းနဲ့အညီ(၁၀၀)ရာခိုင်းနှုန်းဆောင်ရွက်ပြီးခဲ့ကြောင်းသိရပါသည်။
ထိုသို့ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ပေးမှုကြောင့်လဟယ်မြို့နယ်အတွင်းကျေးရွာပေါင်း(၄၅)ရွာမှကျေးလက်နေပြည်သူများ
‌ပညာရေး၊ကျန်းမာရေး၊လူမှုရေးကဏ္ဍပ်တွင်များစွာအကျိုးပြုနိုင်ပြီဖြစ်ကြောင်းနာဂဒေသခေတ္တနာဂဒေသဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှဒုတိယညွှန်ကြားရေးမှူးဦးရဲမင်းထံမှသိရသည်။
ရှားဆက်(ပြန်/ဆက်)