မကွေး ဧပြီ ၁၇
မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် မြန်မာနှစ်ဆန်း(၁)ရက်နေ့၌ မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်အညီ သက်ကြီးဘိုးဘွား ပူဇော်ပွဲများနှင့် ဇီဝိတဒါန ငါးလွှတ်ပွဲများကို ကျင်းပခဲ့ကြကြောင်း သိရသည်။
သက်ကြီးဘိုးဘွားပူဇော်ကန်တော့ပွဲများကို ဆင်ပေါင်ဝဲမြို့နယ်၌ (၈၅)နှစ်အထက်ဘိုးဘွား (၄၉)ဦး အား အလှူငွေနှင့်ပစ္စည်းများကိုလည်းကောင်း၊ ချောက်မြို့နယ်၌ အသက်(၉၀)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား(၈၈)ဦးအား တစ်ဦးလျှင် ငွေကျပ် (၂၁၀၀၀)စီကို လည်းကောင်း၊ စေတုတ္တရာမြို့နယ်၌ အသက်(၈၀) နှစ်နှင့်အထက် အဘိုး၊ အဘွား (၁၁၄)ဦးအား အလှုငွေများကိုလည်းကောင်း၊ မင်းလှမြို့နယ်၌ အသက်(၈၅)နှစ်အထက် အဘိုး၊ အဘွား(၇၅)ဦးအား တစ်ဦးလျှင် (၃၀၀၀ဝိ/)နှုန်းဖြင့် စုစုပေါင်း ငွေကျပ် (၂၂၅၀၀၀ဝိ/)ကိုလည်းကောင်း ကံမမြို့နယ်၌ အသက်(၈၅)နှစ်နှင့်အထက် အဘိုး(၁၅)ဦး အဘွား(၄၇)ဦး စုစုပေါင်း ဘိုးဘွား(၆၂)ဦးတို့အား အလှူငွေနှင့် လှူဖွယ်ပစ္စည်းများကိုလည်းကောင်း အသီးသီးပေးအပ်လှူဒါန်းခဲ့ကြသည်။
ဇီဝိတဒါနအဖြစ် ငါးလွှတ်ပွဲကို ကံမမြို့နယ်၌ ဧရာဝတီမြစ်အတွင်းသို့ ငါးသားပေါက်များ လွှတ်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ သက်ကြီးဘိုးဘွား ပူဇော်ပွဲများနှင့် ဇီဝိတဒါန ငါးလွှတ်ပွဲများတွင် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ပြန်/ဆက်