ပဲခူး ဧပြီ ၁၇
ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် မြန်မာနှစ်ဆန်း(၁)ရက်နေ့၌ မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်အညီ သက်ကြီးဘိုးဘွားပူဇော်ပွဲများနှင့် ဇီဝိတဒါန ငါးလွှတ်ပွဲများကို ကျင်းပခဲ့ကြကြောင်း သိရသည်။
သက်ကြီးဘိုးဘွားပူဇော်ကန်တော့ပွဲများကို သာယာဝတီမြို့နယ်၌ ရန်ကုန်ပြည်ကားလမ်းဘေးရှိ ရွှေဆယ်ဝတီဘိုးဘွားရိပ်သာရှိ အဘိုး ၅ ဦး ၊ အဘွား ၁၀ ဦး စုစုပေါင်း ၁၅ ဦးတို့အားတစ်ဦးလျှင် ငွေ ၃၀၀၀၀ ကျပ်နှင့် ဆေးဝါးပစ္စည်းများကိုလည်းကောင်း၊ မိုးညိုမြို့နယ်၌ သက်ကြီးအဘိုးအဘွား (၅၃)ဦးတို့အား တစ်ဦးလျှင်(၄၅၀၀ဝိ/-)ကျပ်နှုန်းဖြင့် စုစုပေါင်းလှူဒါန်းငွေ (၂၃၈၅၀၀ဝိ/-) ကျပ်ကိုလည်းကောင်း၊ ဇီးကုန်းမြို့နယ်၌ ဘိုးဘွားရိပ်သာရှိ အဘိုးအဘွားများအား လှူဖွယ်ဝတ္ထုပစ္စည်းနှင့် ဆေးဝါးများကိုလည်ကောင်း၊ မင်းလှမြို့နယ်၌ အသက် (၉၀) နှစ်အထက်သက်ကြီးအဘိုးအဘွား စုစုပေါင်း(၄၅)ဦးအား တစ်ဦးလျင်ကန်တော့ငွေ (၁၅၀၀၀) ကျပ်စီကိုလည်းကောင်း၊ ရေတာရှည်မြို့နယ်၌ ဘိုးဘွားရိပ်သာရှိ သက်ကြီးဘိုးဘွားများအား အဝတ်အထည်များနှင့် ဝတ္တုငွေများကိုလည်းကောင်း၊ ထန်းတပင်မြို့နယ်၌ အသက်(၈၅)နှစ်နှင့်အထက် အဘိုး/ အဘွား(၆၅)ဦးအား တစ်ဦးလျှင် ငွေကျပ်(၃၀၀၀၀) နှုန်းနှင့် ပစ္စည်းများတန်ဖိုးငွေကျပ် (၁၀၀၀၀) စုစုပေါင်း လှူဒါန်းငွေကျပ် (၂၆၀၀၀၀၀)ကိုလည်းကောင်း၊ ညောင်လေးပင်မြို့၌ ညောင်လေးပင်မြို့နယ်နှင့် ပြွန်တန်ဆာမြို့ရှိ သက်ကြီးဘိုးဘွားရိပ်သာများ၌ သက်ကြီးဘိုးဘွား ၄၄ဦးတို့အား အလှူငွေ (၈၈၀၀၀၀)ကျပ်ကိုလည်းကောင်း၊ ပြည်မြို့၌ သရေခေတ္တရာ ဘိုးဘွားရိပ်သာရှိ အဘိုးအဘွားစုစုပေါင်း(၄၀)ဦးအား လှူဖွယ်ဝထ္ထုပစ္စည်းများနှင့် စားသောက်ဖွယ်ရာများကိုလည်းကောင်း၊ ဖြူးမြို့နယ်၌ အဘိုး(၉)ဦး၊ အဘွား(၃၁)ဦး စုစုပေါင်း(၄၀)ဦးအတွက် တစ်ဦးလျှင်အလှူငွေ (၂၀၀၀၀)ကျပ်စီကိုလည်းကောင်း၊ ပေါက်ခေါင်းမြို့နယ်၌ စမ်းကလေးကျေးရွာ၊ ဆည်းဆာရိပ်ငြိမ်ဘိုးဘွားရိပ်သာမှ အဘိုးအဘွားများအား ဆန်၊ဆီ၊အဝတ်အထည်များကိုလည်းကောင်း၊ ရွှေတောင်မြို့နယ်၌ ကြို့ကုန်းကျေးရွာ ဘိုးဘွားရိပ်သာရှိ ဘိုးဘွား (၁၇)ဦး နှင့် ရွှေတောင်မြို့နယ် ၊ ရပ်ကွက်( ၃) ရပ်ကွက်ရှိ သက်ကြီးဘိုးဘွား (၁၅) ဦးတို့အား တစ်ဦးလျှင်အလှူငွေ ( ၂၅၀၀၀ိ/-)ကျပ်ဖြင့် တန်ဖိုးငွေ (၈၀၀၀၀၀ိ/-) ကျပ်နှင့် ဆေးပစ္စည်းများကိုလည်းကောင်း ပေးအပ်လှူဒါန်းခဲ့ကြသည်။
ဇီဝိတဒါနအဖြစ် ငါးလွှတ်ပွဲများကို သာယာဝတီမြို့နယ်၌ သာယာဝတီအပန်းဖြေကန်ထဲသို့ ရွှေဝါငါးကောင်ရေ (၄၀၀၀)၊ ငါးခုံးမကောင်ရေ (၄၀၀၀)၊ ငါးမြစ်ချင်းကောင်ရေ (၁၀၀၀)၊ စုစုပေါင်း ငါးကောင်ရေ (၁၀၀၀၀)ကိုလည်းကောင်း၊ ကဝမြို့နယ်၌ ပဲခူးမြစ်အတွင်းသို့ ငါးခုံးမနှင့် ငါးမြစ်ချင်းစုစုပေါင်းကောင်ရေ (၃၀၀၀)ကိုလည်းကောင်း၊ မင်းလှမြို့နယ်၌ ကံကြီးတောရ ဘုန်းတော်ကြီးကျောင်း ငါးကန်အတွင်း ငါးမြစ်ချင်း (၂၀၀၀)၊ ရွှေဝါငါးကြင်း(၄၀၀၀)၊ ထိုင်းငါးခုံးမ(၄၀၀၀)၊ စုစုပေါင်းကောင်ရေ(၁၀၀၀၀)ကိုလည်ကောင်း၊ ထန်းတပင်မြို့နယ်၌ စစ်တောင်း မြစ်အတွင်းသို့ လေးလက်မရွယ်ငါးသား ပေါက်ကောင်ရေ (၅၀၀)ကိုလည်းကောင်း၊ ညောင်လေးပင်မြို့၌ ငါးမြစ်ချင်း ၊ ရွှေငါးကြင်း၊ငါးခုံးမကြီး စုစုပေါင်း ငါးကောင်ရေ (၅၀၀၀)ကို လည်းကောင်း၊ တောင်ငူမြို့၌ ကန်တော်ကြီးရေပြင်သို့ ငါးမြစ်ချင်းနှင့်ငါးတန် သုံးလက်မ၊ လေးလက်မအရွယ် အကောင် (၂၀၀၀)ကိုလည်းကောင်း၊ ပြည်မြို့၌ ဧရာဝတီမြစ်အတွင်းသို့ ငါးမြစ်ချင်း၊ငါးခုံးမနှင့်ရွှေဝါငါးကြင်း စုစုပေါင်း ငါးကောင်ရေ (၁၀၀၀၀၀)ကိုလည်းကောင်း၊ ပေါက်ခေါင်းမြို့နယ်၌ လှိုင်းတက်ဘုန်းတော်ကြီးကျောင်း ရေကန်အတွင်းသို့ ငါးသားပေါက် ကောင်ရေ (၅၀၀၀)ကိုလည်းကောင်း၊ ရွှေတောင်မြို့နယ်၌ ဧရာဝတီမြစ်အတွင်း ငါးကြင်းရွှေဝါ၊ ငါးခုံးမ၊ ငါးမြစ်ချင်း ငါးသားပေါက်ကောင်ရေ (၁၀၀၀၀)ကိုလည်းကောင်း လွှတ်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ သက်ကြီးဘိုးဘွား ပူဇော်ပွဲများနှင့် ဇီဝိတဒါန ငါးလွှတ်ပွဲများတွင် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ပြန်/ဆက်