လှိုင်းဘွဲမြို့နယ်တွင် ကိုဗစ်-၁၉ ကာလအတွင်း စစ်မှုထမ်းဟောင်း မိသားစုဝင်များအား အခြေခံစားသောက်ကုန်(၄)မျိုး ထောက်ပံ့

လှိုင်းဘွဲ          နိုဝင်ဘာလ  

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ထီလုံကျေးရွာအုပ်စု စစ်မှုထမ်းဟောင်းကျေးရွာတွင် ကိုဗစ်-၁၉ ကာလအတွင်း စစ်မှုထမ်းဟောင်းမိသားစုဝင်များ စားဝတ်နေရေးအဆင်ပြေစေရန်အတွက် အခြေခံစားသောက်ကုန်()မျိုး ထောက်ပံ့ ခြင်း ကို ယမန်နေ့က စစ်မှုထမ်းဟောင်းအိမ်ရာဓမ္မာရုံ၌ ဆောင်ရွက်ခဲ့သည်။

အဆိုပါထောက်ပံ့ရာတွင် လှိုင်းဘွဲမြို့ အခြေချစစ်ဗျူဟာမှူး ဗိုလ်မှူးကြီးမောင်မောင်လေးက ကိုဗစ်-၁၉ ကာလအတွင်း စစ်မှုထမ်းဟောင်မိသားစုဝင်များ စားဝတ်နေရေးအဆင်ပြေစေရန် အတွက် အခြေခံ စားသောက်ကုန်()မျိုး ထောက်ပံ့ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး စစ်မှုထမ်းဟောင်း အိမ်ထောင်စု (၂၈၈)စု၊မိသားစုဝင်(၉၁၄)ဦး၊ တစ်ဦးလျှင် ဆန်()ပြည်၊ဆီ(၂၄)ကျပ်သား၊ ကုလားပဲ(၄၂)ကျပ်းသားနှင့်ဆား(၂၄) ကျပ်သား တို့ကို စစ်မှုထမ်းဟောင်း မိသားစုများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)