ဧရာဝတီ ဧပြီ ၁၇
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် မြန်မာနှစ်ဆန်း(၁)ရက်နေ့၌ မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်အညီ သက်ကြီးဘိုးဘွား ပူဇော်ပွဲများနှင့် ဇီဝိတဒါန ငါးလွှတ်ပွဲများကို ကျင်းပခဲ့ကြကြောင်း သိရသည်။
သက်ကြီးဘိုးဘွားပူဇော်ကန်တော့ပွဲများကို ရေကြည်မြို့နယ်၌ စိမ်းလဲ့ရေကြည်ခန်းမတွင် ကျင်းပရာ ရေကြည်မြို့နယ်အတွင်းရှိ အသက်(၈၀)နှစ်နှင့် အထက်သက်ကြီးဘိုးဘွား(၂၅)ဦးအား အဘိုးအဘွားတစ်ဦးလျှင် ငွေကျပ် (၂ဝဝဝဝ) နှုန်း နှင့်စားစရာလှူဖွယ်ပစ္စည်းများကိုလည်ကောင်း၊ အိမ်မဲမြို့နယ် ရွှေအိမ်ရတနာဘိုးဘွားရိပ်သာမှ အဘိုးအဘွားများအား အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ အလှူငွေနှင့် စားသောက်ဖွယ်ရာများကိုလည်းကောင်း၊ မင်းတုန်းမြို့နယ်၌ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွား (၅၆)ယောက်အား ဌာနဆိုင်ရာ ဝန်ထမ်းများက တစ်ဦးလျှင် ပစ္စည်း (၃)မျိုးနှင့် ငွေ (၂၀၀၀၀)ကျပ်စီကိုလည်းကောင်း၊ ကျိုက်လတ်မြို့နယ်၌ သက်ကြီးအဘိုးအဘွား (၃၀)ဦးအား အလှူငွေနှင့် လှူဖွယ်ပစ္စည်းများကိုလည်းကောင်း၊ မော်လမြိုင်ကျွန်းမြို့နယ်၌ သက်ကြီးဘိုးဘွား (၂၅) ဦးအား အလှူငွေနှင့် လှူဖွယ်ပစ္စည်းများကို လည်ကောင်း ပေးအပ်လှူဒါန်းခဲ့ကြသည်။
ဇီဝိတဒါနအဖြစ် ငါးလွှတ်ပွဲများကို အိမ်မဲမြို့နယ်၌ အိမ်မဲချောင်း အတွင်းသို့ ငါးမြစ်ချင်းနှင့်ရွှေဝါငါးကြင်း ငါးသားပေါက်ကောင်ရေ (၂၀၀၀၀)ကိုလည်းကောင်း၊ လေးမျက်နှာမြို့နယ်၌ ငဝန်မြစ်အတွင်းသို့ ငါးမြစ်ချင်းနှင့်ရွှေဝါငါးကြင်း ငါးသားပေါက်ကောင်ရေ (၂၀၀၀၀)ကိုလည်းကောင်း၊ ကျောင်းကုန်းမြို့၌ ဒါးကမြစ်အတွင်းသို့ (၂) လက်မအရွယ်အစား ငါးမြစ်ချင်းကောင်ရေ (၂၅၀၀)၊ငါးခုံးမကောင်ရေ(၂၅၀၀)စုစုပေါင်း ကောင်ရေ(၅၀၀၀)ကို လည်းကောင်း၊ ရေကြည်မြို့နယ်၌ ငါးသိုင်းချောင်းမြို့၊ သောင်ရွာကူးတို့ဆိပ် (ဓနသဲကွင်းအနီး)ရှိ သဘာဝရေပြင်အတွင်းသို့ ငါးမြစ်ချင်းအကောင်ရေ (၁၅၀ဝ၀)ကိုလည်းကောင်း၊ မြန်အောင်မြို့၌ ဧရာဝတီမြစ်အတွင်းသို့ နှစ်လက်မအရွယ်ငါးမြစ်ချင်းငါးသားပေါက်ကောင်ရေ (၁၀၀၀၀)၊ ရွှေဝါ ငါးကြင်းငါးသားပေါက် ကောင်ရေ(၁၀၀၀၀) စုစုပေါင်း ငါးသားပေါက်ကောင်ရေ (၂၀၀၀၀)ကို လည်းကောင်း၊ ကျိုက်လတ်မြို့နယ်၌ ပန်သပွတ်မြစ်အတွင်းသို့ ငါးမြစ်ချင်း ကောင်ရေ (၁၀၀၀၀)ကို လည်းကောင်း၊ ဘိုကလေးမြို့နယ်၌ ဘိုကလေးမြစ်အတွင်းသို့ (၂)လက်မအရွယ် ငါးခုံးမကြီး အကောင်ရေ (၂၅၀၀၀)ကိုလည်းကောင်း၊ မအူပင်မြို့နယ်၌ မအူပင်တိုးမြစ်အတွင်းသို့ ငါးမြစ်ချင်းကောင်ရေ (၂)သောင်းခွဲ၊ ငါးခုံးမကြီးကောင်ရေ (၂)သောင်းခွဲ၊ စုစုပေါင်းကောင်ရေ (၅)သောင်းနှင့် အောင်ဟိတ်ငါးလုပ်ငန်းစခန်းမှ ရွှေဝါငါးကြင်းကောင်ရေ (၂)သောင်းခွဲ၊ ငါးမြစ်ချင်းကောင်ရေ (၂)သောင်းခွဲ၊ စုစုပေါင်းကောင်ရေ (၅)သောင်းကိုလည်းကောင်း၊ ပန်းတနော်မြို့နယ်၌ ပန်းတနော်မြစ်အတွင်းသို့ ထိုင်းငါးခုံးမသားပေါက်ကောင်ရေ (၅၀၀၀၀)၊ ငါးမြစ်ချင်းသားပေါက်ကောင်ရေ (၅၀၀၀၀) စုစုပေါင်း ငါးသားပေါက်ကောင်ရေ (၁၀၀၀၀၀)ကိုလည်းကောင်း၊ ဓနုဖြူမြို့နယ်၌ ဧရာဝတီမြစ်အတွင်းသို့ ရွှေဝါငါးကြင်း သားပေါက် အကောင်ရေ(၅ဝဝဝဝ)နှင့် ငါးမြစ်ချင်းသားပေါက် အကောင်ရေ(၅ဝဝဝဝ)၊ စုစုပေါင်း ငါးအကောင်ရေ (၁ဝဝဝဝဝ)ကိုလည်းကောင်း၊ ဇလွန်မြို့နယ်၌ ဧရာဝတီမြစ်အတွင်းသို့ နှစ်လက်မအရွယ် ငါးမြစ်ချင်းငါးသားပေါက် ကောင်ရေ(၁၀၀၀၀) ၊ ရွှေဝါငါးကြင်း ငါးသားပေါက် ကောင်ရေ( ၁၀၀၀၀) ၊ စုစုပေါင်း ငါးသားပေါက်ကောင်ရေ( ၂၀၀၀၀ )ကိုလည်းကောင်း၊ ဖျာပုံမြို့နယ်၌ ဖျာပုံမြစ်အတွင်းသို့ ငါးချင်းရွှေဝါနှင့်ငါးခုံးမ သားပေါက် အကောင်ရေ (၈၀၀၀၀)ကိုလည်းကောင်း၊ ဟင်္သာတမြို့၌ ဧရာဝတီမြစ်အတွင်းသို့ ရွှေဝါငါးကြင်း သားပေါက်ကောင်ရေ (၂၀၀၀၀)၊ ငါးမြစ်ချင်း သားပေါက်ကောင်ရေ (၂၀၀၀၀)၊ စုစုပေါင်း ငါးသားပေါက်ကောင်ရေ (၄၀၀၀၀)ကိုလည်းကောင်း လွှတ်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ သက်ကြီးဘိုးဘွား ပူဇော်ပွဲများနှင့် ဇီဝိတဒါန ငါးလွှတ်ပွဲများတွင် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ပြန်/ဆက်