ရေတာရှည်မြို့နယ်၌ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ဗဟိုမဏ္ဍပ် ပိတ်ပွဲအခမ်းအနားနှင့် သီချင်းဆိုပြိုင်ပွဲ ဆုပေးပွဲ ကျင်းပ

ရေတာရှည် ဧပြီ ၁၇

မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ ​​မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်၊ ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်ရေတာရှည်မြို့နယ် ဗဟိုမဏ္ဍပ်ပိတ်ပွဲအခမ်းအနားနှင့် သီချင်းဆိုပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကိုယမန်နေ့ ညနေ ၄ နာရီအချိန်က မြဝတီလမ်းတွင်ကျင်းပသည်။

ရှေးဦးစွာ မြန်မာ့ရိုးရာမဟာသင်္ကြန်ဗဟိုမဏ္ဍပ်ပိတ်ပွဲအခမ်းအနားအား ယိမ်းအဖွဲ့များက သင်္ကြန်တေးသီချင်းများဖြင့် ကပြဖျော်ဖြေခဲ့ကြပြီး သီချင်းဆိုင်ပြိုင်ပွဲတွင် ပါဝင်ယှဥ်ပြိုင်ကြသူများက တေးသီချင်းများဖြင့်လည်းကောင်း၊ ဒေသအသီးသီးမှ ဧည့်သည်အဆိုရှင်များက လည်းကောင်း အသီးသီးသီဆိုဖျော်ဖြေခဲ့ကြသည်။

ဆက်လက်၍ သီချင်းဆိုပြိုင်ပွဲတွင်ဆုရှိသူများအား ဆုများပေးအပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဥက္ကာသန်းနှင့်အဖွဲ့ဝင်များက ပထမဆုကျပ် ၅ သိန်း ၊ ဒုတိယဆု ကျပ် ၃ သိန်း ၊ တတိယဆု ကျပ် ၂ သိန်းနှင့် နှစ်သိမ့်ဆု ၂ ဆုအား ကျပ်တစ်သိန်းဖြင့် ဆုများပေးအပ်ရာ ဆုရရှိသူများက လက်ခံရယူခဲ့ကြပြီး သင်္ကြန်ယိမ်းအဖွဲ့များက မန်းတောင်ရိပ်ခိုသီချင်းဖြင့် ကပြဖျော်ဖြေခဲ့ကြပြီး အခမ်းအနားအား အောင်မြင်စွာရုပ်သိမ်းခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)