ပန်းတောင်း ဧပြီ ၁၇
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ယမန်နေ့ ညနေ ၄နာရီ ၄၅မိနစ်အချိန်က ရုတ်တရက် လေပြင်းတိုက်ခတ်မှုနှင့် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပန်းတောင်းမြို့နယ် ရွှေညီနောင်ကျေးရွာအုပ်စု၊ ရေမနောက်ကျေးရွာရှိ ဦးတင်ထွေး၏ နေအိမ်တစ်လုံး အမိုးလန်ပျက်စီဆုံးရှုံးခဲ့ကြောင်း သိရသည်။
အဆိုပါလေပြင်းတိုက်ခတ်မှုဖြစ်စဉ်ကြောင့် ရွှေညီနောင်ကျေးရွာအုပ်စု၊ ရေမနောက်ကျေးရွာရှိ ဦးတင်ထွေး၏ (၄)ပင်၊ သွပ်မိုး၊ ပျဥ်ကာ နေအိမ်မှာ သွပ် (၁၂) ပေ ၃၀ ချပ်၊ သစ် (၃×၂) (၁၀) ချောင်းနှင့် သစ် (၄×၂) (၃) ချောင်း စုစုပေါင်းတန်ဖိုးငွေကျပ် (၆၀၀၀၀၀) ခန့်ပျက်စီးဆုံးရှုံးခဲ့ကြောင်းသိရသည်။ ၎င်းနေအိမ်ရှိ မိသားစုများ ယာယီနေထိုင်နိုင်ရေးအတွက် အုပ်ချုပ်ရေးအဖွဲ့များ၊ ရပ်မိရပ်ဖများက ကူညီဆောင်ရွက်ပေးခဲ့ပြီး လူနှင့်တိရစ္ဆာန်များ ထိခိုက်မှုမရှိကြောင်း သိရသည်။
လပြည့်လင်း(ပြန်/ဆက်)