ဘုတ်ပြင်း ဧပြီ ၁၇
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့၌ မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ပိတ်ပွဲအခမ်းအနားကို ယမန်နေ့ သင်္ကြန်အတက်နေ့ ညနေ (၅) နာရီအချိန်က ဘုတ်ပြင်းမြို့ မဟာသင်္ကြန်မဏ္ဍပ်၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဘုတ်ပြင်းမြို့ မဟာသင်္ကြန်မဏ္ဍပ်၌ သင်္ကြန်အကြိုနေ့မှ အတက်နေ့အထိ နေ့စဉ်ဖျော်ဖြေပေးခဲ့သည့် ယိမ်းအဖွဲ့ (၅) ဖွဲ့အား ဘုတ်ပြင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်းဌေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဝင်းနှင့် အဖွဲ့ဝင်များ၊ ဘုတ်ပြင်းမြို့ မြို့မိမြို့ဖများက ဂုဏ်ပြုဆုငွေများ အသီးသီးပေးအပ်ကြပြီး ဘုတ်ပြင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်းဌေးက ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန် ပွဲတော်ပိတ်ပွဲ မင်္ဂလာအခါတော်စာတမ်းကို ဖတ်ကြားပြီး တက်ရောက်လာကြသည့် ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့မိမြို့ဖများ၊ ယိမ်းအဖွဲ့ဝင်များ၊ ဧည့်သည်တော်များက မန်းတောင်ရိပ်ခိုသီချင်းဖြင့် သီဆိုကပြဖျော်ဖြေကြပြီး မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်အား ရုတ်သိမ်းခဲ့ကြကြောင်းသိရသည်။
သင်္ကြန်ချစ်သူများ၊ ယိမ်းအဖွဲ့များနှင့် ဝါသနာရှင်များက သင်္ကြန်တေးသီချင်းများဖြင့် ကပြဖျော်ဖြေခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)