မင်းလှ ဧပြီ ၁၇
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ အမှတ် (၅) ရပ်ကွက်၊ ရုံလမ်း၌ ၁၃၈၅ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ပိတ်ပွဲအခမ်းအနားကို သင်္ကြန်အတက်နေ့ (ဧပြီ ၁၆ ရက်) ညနေပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။
မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ပိတ်ပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးထွဋ်က နူတ်ခွန်းဆက်အမှာစကားပြောကြားပြီး ယိမ်းအကဖွဲ့ (၆) ဖွဲ့က သင်္ကြန် သီချင်းများဖြင့် ဧည့်ခံကပြဖျော်ဖြေခြင်း၊ တေးသံရှင်များခေတ်ပေါ်သီချင်းများဖြင့် သီဆိုဖျော်ဖြေခဲ့ကြသည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးထွဋ်နှင့် အဖွဲ့ဝင်များက သင်္ကြန်ယိမ်းအက ဖွဲ့ (၆)ဖွဲ့၊ တေးသံရှင်များအဖွဲ့၊ လုံခြုံရေးအဖွဲ့၊ သက်ဆိုင်ရာတာဝန်ရှိသူများ အဖွဲ့များကို ဂုဏ်ပြု ချီးမြှင့်ငွေ (၁)သိန်းကျပ်စီ အသီးသီးပေးအပ်ခဲ့သည်။
ထို့နောက် ၁၃၈၅ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ပိတ်ပွဲအခမ်းအနား အောင်မြင်စွာပြီးမြောက်ကြောင်း ကြေညာ၍ ပိတ်သိမ်းခဲ့ကြောင်း သိရ သည်။
ပေါက်စ(မင်းလှ)