ရွှေတောင် ဧပြီ ၁၇
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် မြန်မာ့ရိုးရာယဉ်ကျေးမှုဖြစ်သော မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ် ပိတ်ပွဲအခမ်းအနားကို ယမန့်နေ့ ည ၈ နာရီက ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်က မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ပိတ်ပွဲ နှစ်သစ်ကူးဆုတောင်းစကားပြောကြားပြီး မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်၌ ဧည့်ခံဖျော်ဖြေပေးကြသော ယိမ်းအဖွဲ့များအား ဂုဏ်ပြုဆုများကို တာဝန်ရှိသူများက အသီးသီးချီးမြှင့်ပေးအပ်ခဲ့သည်။
ဆက်လက်၍ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ပိတ်ပွဲအခမ်းအနားကို ယိမ်းအဖွဲ့များက "မန်းတောင်ရိပ်ခို" သီချင်းဖြင့် ဧည့်ခံဖျော်ဖြေခဲ့ကြသည်။
အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် ဒေသခံပြည်သူများ စည်ကားသိုက်မြိုက်စွာ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ကိုကိုမင်း (ပြန်/ဆက်)