ငပုတော ဧပြီ ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့၌ ၁၃၈၅ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ပိတ်ပွဲအခမ်းအနားနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဧပြီလ ၁၆ ရက်နေ့ ညပိုင်းက ငပုတောမြို့ တောင်ပိုင်းရပ်ကွက်ရှိ အတာသင်္ကြန်ဗဟိုမဏ္ဍပ်၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူနှင့် ဇနီး၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ ပြိုင်ပွဲ ဝင် ယိမ်းအဖွဲ့များ၊ တေးသံရှင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက် ခဲ့ကြသည်။
ပိတ်ပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူက နှစ်သစ်ကူးနှုတ်ခွန်း ဆက်စကားပြောကြားပြီး ပါဝင်ယှဥ်ပြိုင်ကြသော ဆုရရှိသူယိမ်းအဖွဲ့များအား မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူနှင့် ဇနီး၊ တာဝန်ရှိသူများက ဆုများချီးမြှင့်ခဲ့ပြီးနောက် မန်းတောင်ရိပ် ခိုသီချင်းဖြင့် ကပြဖျော်ဖြေကာ မဟာသင်္ကြန်ပွဲတော် ပိတ်ပွဲအခမ်းအနားကို အောင်မြင်စွာ ပိတ်သိမ်းခဲ့ကြောင်း သိရသည်။
အောင်သူ (ပြန်/ဆက်)