ကော့သောင်း၊ နိုဝင်ဘာ ၆
ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်မှုကာလအတွင်း စားဝတ်နေရေးအဆင်ပြေစေရေး စစ်ဗျူဟာအဖွဲ့(အခြေချ) ကော့သောင်း တပ်နယ်မှ ကော့သောင်းခရိုင် စစ်မှုထမ်းဟောင်း၊ ရဲမှုထမ်းဟောင်းနှင့် မီးသတ်တပ်ဖွဲ့ မိသားစုဝင်များအား ယမန်နေ့ နံနက်ပိုင်းက အခြေခံစားကုန်များထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ထောက်ပံ့ပေးအပ်မှုတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်မှုကာလအတွင်း စားဝတ်နေမှုများတစိတ်တစ်ဒေသ အဆင်ပြေစေရေး ရည်ရွယ်ကာ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၊ စစ်ဗျူဟာအဖွဲ့(အခြေချ)ကော့သောင်းမှ စစ်ဗျူဟာမှူးနှင့် တာဝန်ရှိသူများက တပ်နယ်ဘုရင့်နောင်ခန်းမတွင် ထောက်ပံ့ပေးအပ်ခြင်းဖြစ်ပြီး ဆန်၊ ဆီ ၊ ပဲ ၊ ဆား စုစုပေါင်းစားကုန်ပစ္စည်း (၄) မျိုးအား မိသားစုဝင် (၆၃၂)ဦးအတွက် ပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။
ကျော်စိုး (ကော့သောင်း)