ညောင်လေးပင် ဧပြီ ၁၇
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်မဏ္ဍပ်ပိတ်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ (၄)နာရီက မြို့မ (၃) ရပ်ကွက် ရန်ကုန်၊ မန္တလေးလမ်းမပေါ်ရှိ မြန်မာ့ရိုးရာ မဟာသင်္ကြန်ဗဟိုမဏ္ဍပ်တွင် ကျင်းပခဲ့သည်။
ရှေးဦးစွာအခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်စိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များမှ မဟာသင်္ကြန်ဗဟိုမဏ္ဍပ်၌ ကပြဖျော်ဖြေပေးခဲ့သော ယိမ်းအဖွဲ့များအား ဂုဏ်ပြုဆုများချီးမြှင်ပေးခဲ့ကြသည်
ထို့နောက် ယိမ်းအဖွဲ့များက မန်းတောင်ရိပ်ခိုသီချင်းနှင့် နှုတ်ခွန်းဆက်သီချင်းတို့ဖြင့် ကပြဖျော်ဖြေပြီး အခမ်းအနားအား စည်ကားသိုက်မြိုက်စွာ ကျင်းပရုတ်သိမ်းခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)