ဖြူးမြို့နယ်၌ မဲရုံများ ပြင်ဆင်ထားရှိမှုအားတာဝန်ရှိများ ကွင်းဆင်းစစ်ဆေး

ဖြူး နိုဝင်ဘာ ၆

ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ(၈)ရက်နေ့တွင်ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာ အုပ်စုများရှိ မဲရုံများပြင်ဆင်ထားရှိမှုအခြေအနေများကို ယနေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာ၌ ဖြူးမြို့နယ်အတွင်း ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာအဖွဲ့(၁၀)ဖွဲ့မှ တာဝန်ရှိသူများက  ရပ်ကွက်/ကျေးရွာအုပ်စုများ၌ ပြင်ဆင်ဆောင်ရွက်ထားရှိသည့် မဲရုံများအား လမ်းညွှန်ချက် များနှင့် အညီ ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ကြားချက်နှင့်အညီ အဆင်ပြေချောမွေ့စွာ ဆန္ဒမဲပေးနိုင်ရေး၊  မဲရုံများပြင်ဆင်ထားရှိမှု၊ လုံခြုံရေးဆောင်ရွက်ထားရှိမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကာ မဲရုံတွင် လိုအပ်နေမှုများကို တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ဖြူးမြို့နယ်တွင် မဲရုံပေါင်း (၂၁၄) ရုံ ထားရှိမည်ဖြစ်ပြီး မဲပေးပိုင်ခွင့်ရှိသည့်  မဲဆန္ဒရှင် စုစု ပေါင်း ဦးရေ (၂၁၀၆၈၈) ဦး ရှိကြောင်းသိရသည်။

ဖြူး(ပြန်/ဆက်)