မိုးညို ဧပြီ ၁၆
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်တွင် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို ဧပြီလ ၁၃ ရက်နေ့မှ စတင်ကျင်းပခဲ့ရာ ယမန်နေ့(သင်္ကြန်အကြတ်နေ့)တွင်လည်း ပြည်သူများ အေးချမ်းပျော်ရွှင်စွာဖြင့် ဆက်လက်ရေကစားလျက်ရှိကြောင်း သိရသည်။
ထိုသို့ပြည်သူများအေးချမ်းပျော်ရွှင်စွာ ရေကစားနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းသိန္ဓိနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိပြီး မြို့နယ်ဗဟိုမဏ္ဍပ်တွင် ယိမ်းအက (၉)ဖွဲ့ဖြင့် ကပြဖျော်ဖြေခြင်း၊ တေးသီချင်းများဖြင့် သီဆို ဖျော်ဖြေခြင်း၊ နေ့အလိုက် စတုဒိသာများကျွေးမွေးဧည့်ခံခြင်း၊ ရပ်ကွက်ကျေးရွာများတွင်လည်း ရေကစားခြင်းနှင့် စတုဒိသာများ ကျွေးမွေးလှူဒါန်းခြင်းဖြင့် အေးချမ်းပျော်ရွှင်စွာရေကစားလျက် ရှိကြောင်း သိရသည်။
ကိုမင်း(ပြန်/ဆက်)