ပလောက်မြို့အတွင်းရှိ မဲရုံများကို ကြည့်ရှုစစ်ဆေး

ပလောက် နိုဝင်ဘာ ၆

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထေွထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ယနေ့ နံနက် (၉) နာရီခွဲအချိန်ခန့်က မြို့ပေါ်ရပ်ကွက်များရှိမဲရုံများကို စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင် ဦးတင်လတ်၊ ပုလောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးလွင်၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဉက္ကဋ္ဌ ဦးစိုတင်နှင့် အဖွဲ့ဝင်များက မဲဆန္ဒရှင်ပြည်သူများအနေဖြင့် ဆန္ဒပြုရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက် နှင့်အညီ မဲပေးနိုင်ရန်အတွက် မဲရုံအတွင်း/အပြင် ပြင်ဆင်ထားရှိမှု ၊ လုံခြုံရေးချထားမှုနှင့် လိုအပ်ပါက ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ရေးအတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူး များ၊ မဲရုံတာဝန်ခံများနှင့် ညှိနှိုင်းဆွေးနွေး၍ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

နှင်းမြူလွင်