အောင်မြေသာစံမြို့နယ်တွင် ယာယီမဲရုံတည်ဆောက်နေမှုများအား တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု

မန္တလေး နိုဝင်ဘာ ၆

မန္တလေး၊ အောင်မြေသာစံမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ၈ရက်နေ့၌ ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ယာယီမဲရုံတည်ဆောက်နေမှုများအား တာဝန်ရှိသူ များက ယမန်နေ့ နံနက်၁၁နာရီခွဲကမြို့နယ်အတွင်း ကွင်းဆင်းကြည့်ရှုခဲ့ကြကြောင်း သိရသည်။

အောင်မြေသာစံမြို့နယ်တွင် ယာယီမဲရုံများကို ဥပုသ်တော်ရပ်ကွက်တွင် ကျုံးပတ်လည်ရှိ တပ်မဲရုံ(၄)ရုံ၊ မေဃဂီရိရပ်ကွက်တွင် မဲရုံ(၂)ရုံ၊ အမရဌာနီအရှေ့ရပ်ကွက်တွင် မဲရုံ(၁)ရုံနှင့် ညောင်ကွဲရပ်ကွက်တွင် မဲရုံ(၁)ရုံ၊ စုစုပေါင်းမဲရုံ(၈)ရုံ တည်ဆောက်နေမှုအား တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု ကြခြင်းဖြစ် သည်။

အဆိုပါကွင်းဆင်းကြည့်ရှုရာသို့ အောင်မြေသာစံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြို့ဆောင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ ဌဒေါက်တာကိုကိုကြီး နှင့်မြို့နယ်ကော်မရှင်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲဆိုင်ရာစေ့စပ်ညှိနှိုင်းရေး ကော်မတီဝင် ဦးစန်းအောင်မြင့်၊ မြို့နယ်လမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ပြုံးပြုံး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရုံးဦးစီးရဲအုပ်မျိုးသိန်းတို့ကကွင်းဆင်းကြည့်ရှုခဲ့ကြကြောင်းသိရသည်။

ဇော်လင်းဦး(အောင်စံ)