မကွေးတိုင်းဒေသကြီးအတွင်း မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော် (အကျနေ့) တွင် ပြည်သူများ ပျော်ရွှင်စွာပါဝင်ဆင်နွှဲ

မကွေး ဧပြီ ၁၅

မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ရေကစားသူများနှင့် စတုဒိသာကျွေးမွေးသူများဖြင့် မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော် အကျနေ့ကို ပြည်သူများ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲလျက်ရှိကြောင်း သိရသည်။

၁၃၈၅ ခုနှစ် မဟာသင်္ကြန်ပွဲတော်အား မြန်မာမှုမြန်မာ့ဟန်၊ မြန်မာ့ရိုးရာယဥ်ကျေးမှု အနှစ်သာရ များ ပပျောက်မှုမရှိစေရေးနှင့် ဆက်လက်ထိမ်းသိမ်း စောင့်ရှောက်နိုင်ရေးတို့အတွက် ရိုးရာဓလေ့ ထုံးတမ်းများနှင့်အညီ  နိုင်ငံတစ်ဝှမ်း စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ သင်္ကြန်အကျ နေ့တွင် မကွေးတိုင်းဒေသကြီးအတွင်းရှိ တောင်တွင်းကြီးမြို့နယ်၊ နတ်မောက်မြို့နယ်၊ စေတုတ္တရာမြို့နယ်၊ ချောက်မြို့နယ်၊ ပွင့်ဖြူမြို့နယ်၊ သရက်မြို့နယ်၊ မင်းဘူးမြို့နယ်၊ အောင်လံ မြို့နယ်၊ ဆင်ပေါင်ဝဲမြို့နယ်၊ မင်းလှမြို့နယ်နှင့် မြို့သစ်မြို့နယ်တို့တွင်  ရေကစားသူများ၊ စတုဒိသာကျွေးမွေးသူများဖြင့် စည်ကားလျက်ရှိပြီး ဗဟိုမဏ္ဍပ်များ၌ ယိမ်းအဖွဲ့များနှင့် ဖျော်ဖြေ ရေးအဖွဲ့များက အလှည့်ကျဖျော်ဖြေပေးလျက်ရှိရာ ပြည်သူများက မဟာသင်္ကြန်ပွဲတော်အား ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲလျက်ရှိကြောင်း သိရသည်။

(ပြန်/ဆက်)