ရွှေတောင်မြို့နယ်တွင် မဟာသင်္ကြန်အကြိုနေ့ ၁၃၈၅-ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန် ဗဟိုမဏ္ဍပ် ဖွင့်ပွဲအခမ်းအနား ကျင်းပ

ရွှေတောင် ဧပြီ ၁၄

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် မြန်မာ့ရိုးရာယဉ်ကျေးမှုဖြစ်သော ၁၃၈၅-ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ဗဟိုမဏ္ဍပ် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၄ နာရီက ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်က မြန်မာ့ရိုးရာ မဟာသင်္ကြန်နှစ်သစ်အကြို နှုတ်ခွန်းဆက်အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။ ဆက်လက်၍ သင်္ကြန်မယ်များမှ ယိမ်းအကအလှများဖြင့် ဖျော်ဖြေခဲ့ကြရာတာဝန်ရှိသူများက ဆုတော်ငွေများ ချီးမြှင့်ခဲ့ကြပြီး အတာရေများ ပက်ဖျန်းခဲ့ကြကြောင်းသိရသည်။

အဆိုပါဖွင့်ပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြပြီး မြန်မာ့ရိုးရာ မဟာသင်္ကြန်ဗဟိုမဏ္ဍပ်နှင့် ရေကစားမဏ္ဍပ်ကို မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့မှ ကြီးမှူးပြီး သင်္ကြန်နှစ်သစ်ကူးကာလများဖြစ်သော ဧပြီလ ၁၃ ရက်နေ့မှ ၁၆ ရက်နေ့ထိ ရွှေတောင်မြို့နယ်တွင်း စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ကိုကိုမင်း(ပြန်/ဆက်)