ငပုတောမြို့နယ်၌  ၁၃၈၆ ခုနှစ် မဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနား ကျင်းပ

ငပုတော ဧပြီ ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၌ ၁၃၈၅ ခုနှစ် မဟာသင်္ကြန်ပွဲတော်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ည‌နေပိုင်းက  ငပုတောမြို့တောင်ပိုင်းရပ်ကွက် ယုဇနလမ်းမကြီးရှိ မဟာသင်္ကြန်ဗဟိုမဏ္ဍပ်၌ ကျင်းပပြုလုပ်ရာ  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူနှင့် ဇနီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ပြိုင်ပွဲဝင် ယိမ်းအဖွဲ့များ၊ ဖျော်ဖြေရေးအဖွဲ့များ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူက နိုင်ငံအသီးသီးမှ လူမျိုးအသီးသီးတို့သည် ကိုယ်ပိုင်ယဥ်ကျေးမှု ဓလေ့ထုံးထမ်းများနှင့်အညီ နှစ်သစ်ကူးပွဲတော်များ ကျင်းပရာတွင် မိမိတို့ မြန်မာလူမျိုးများသည် နှစ်ဟောင်းမှ နှစ်သစ်သို့ ကူးပြောင်းချိန်၌ မဟာရေသဘင်ပွဲတော်ကို ကျင်းပကြကြောင်း၊ နှစ်ဟောင်းမှ အညစ်အကြေးများကို သင်္ကြန်ရေနှင့် ဆေးကြောပြီး နှစ်သစ်ကို ကြိုဆိုကာ သင်္ကြန်ပွဲတော်ကို မြန်မာ့ရိုးရာ ဓလေ့ထုံးတမ်းစဉ်လာ ယဥ်ကျေးမှုနှင့်အညီ ရိုးရာမပြက် ဆက်လက်ထိန်းသိမ်းကြရန်နှင့် မင်္ဂလာအပေါင်းနှင့်ပြည်စုံစွာ နှစ်သစ်ကို အတူတကွ ကြိုဆိုကြရမည်ဖြစ်ပါကြောင်း နှစ်သစ်ကူး နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ကြသည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူက အဖွဲ့ဝင်များနှင့်အတူ အတာသင်္ကြန်ရေဗဟိုမဏ္ဍပ်  ကိုဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာအကြီးအကဲများက ပြိုင်ပွဲဝင်ယိမ်းအဖွဲ့များနှင့် ဖျော်ဖြေရေးအဖွဲ့များကို အမွှေးနံ့သာရည်များ ပက်ဖျန်း၍ ပျော်ရွှင်စွာ ရေကစားခဲ့ကြကြောင်း သိရသည်။

ငပုတောမြို့နယ်တွင် ၁၃၈၄ ခုနှစ် မဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ငရုတ်ကောင်းမြို့နှင့် ဟိုင်းကြီးကျွန်းမြို့တို့တွင် အတာသင်္ကြန် ဗဟိုမဏ္ဍပ်များဆောက်လုပ်၍လည်းကောင်း၊ မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုကြီးများ၌  ရေကစားမဏ္ဍပ်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်သူ (ပြန်/ဆက်)