သရက်မြို့၌ ၂၀၂၄ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ဖွင့်ပွဲအခမ်းအနား ကျင်းပ

သရက် ဧပြီ ၁၄

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ သရက်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့က ကြီးမှူးကျင်းပသည့် ၂၀၂၄ ခုနှစ် မြန့်မာရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်အချိန်က အမှတ်(၈) ရပ်ကွက် ခရိုင်ခန်းမရှေ့ ဗဟိုမဏ္ဍပ်တွင် ကျင်းပခဲ့ရာ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ယိမ်းအဖွဲ့(၁၁)ဖွဲ့၊ ရေကစားသူများ တက်ရောက်ကြသည်။

အဆိုပါ အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးစိုးလှမြင့်က အတာသင်္ကြန်ပွဲတော် နှစ်သစ်ကြိုဆို နှုတ်ခွန်းဆက်စကားပြောကြားရာမှာ မြန်မာတို့၏ ရိုးရာအစဉ်အလာအရ နှစ်သစ်ကူးရေသဘင်ပွဲတော်ကို မြန်မာဘုရင်များလက်ထက်မှစ၍ ယခုအချိန်ထိတိုင် နှစ်စဉ်အစဉ်အလာမပျက် ဆင်ယင်ကျင်းပခဲ့ကြပြီး နှစ်ဟောင်းမှ အညစ်အကြေးများကို အတာရေဖြင့် ဆေးကြောကာ နှစ်သစ်မှာစိတ်သစ်လူသစ်ဖြင့် ဘဝအမောများ ပြေပျောက်၍ ပျော်ရွှင်ချမ်းမြေ့မှုများဖြင့် ပြည့်စုံနိုင်ပါကြောင်း ရည်ရွယ်ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားပေးခဲ့သည်။

ထို့နောက် သရက်တပ်နယ်မှူး ဗိုလ်မှူးကြီးနိုင်အောင်နှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက မြန်ရိုးရာမဟာသင်္ကြန်ဗဟိုမဏ္ဍပ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ယိမ်းအအဖွဲ့ (၁၁)ဖွဲ့က “မြနန္ဒာ”တေးသီချင်းဖြင့် ပြိုင်တူသီဆိုကပြ၍ ခရိုင်တပ်နယ်မှူး ဗိုလ်မှူးကြီး နိုင်အောင်နှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက ယိမ်းအဖွဲ့များအား အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးခဲ့သည်။

ဆက်လက်၍ ဖျော်ဖြေရေးယိမ်းအဖွဲ့များက ကပြဖျော်ဖြေပေးလျက်ရှိရာ လာရောက်ကြည့်ရှုအားပေးသူများနှင့် ရေကစားသူများနှင့် ပျော်ရွှင်အေးချမ်းစွာ ရေကစားလျက်ရှိကြောင်း သိရသည်။

ဇော်ထက်(သရက်)