ရေတာရှည်မြို့နယ်၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ဗဟိုမဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားကျင်းပ

ရေတာရှည် ဧပြီ ၁၄

မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ ​​မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်၊ ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ရေတာရှည်မြို့နယ် ဗဟိုမဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေ ၄ နာရီအချိန်က မြဝတီလမ်းတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ မြန်မာ့ရိုးရာမဟာသင်္ကြန်ဗဟိုမဏ္ဍပ်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဥက္ကာသန်းနှင့် အဖွဲ့ဝင်များက ​ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပြီး  ယိမ်းအဖွဲ့များက မန်းတောင်ရိပ်ခို သီချင်းဖြင့် ကပြဖျော်ဖြေခဲ့ကြသည်။

ဆက်လက်၍ ယိမ်းအဖွဲ့များက အဖွဲ့လိုက် သင်္ကြန်သီချင်းများဖြင့် ကပြဖျော်ဖြေလျက်ရှိပြီး မဟာသင်္ကြန်အကြိုနေ့မှစ၍ မဟာသင်္ကြန်အတက်နေ့အထိ ယိမ်းအဖွဲ့များဖြင့် ကပြဖျော်ဖြေမှု များ၊ သီချင်းဆိုပြိုင်ပွဲများနှင့် စတုဒိသာကျွေးမွေးဧည့်ခံခြင်းများကို ပြုလုပ်မည်ဖြစ်ကြောင်း သိရ သည်။

မြို့နယ်(ပြန်/ဆက်)