ကန့်ဘလူ ဧပြီ ၁၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့ ခရိုင်ရဲတပ်ဖွဲ့မှူးရုံး၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာများ ချပြရှင်းလင်းဆွေးနွေးပွဲကို ဧပြီ ၉ ရက်နေ့ နံနက် ၈ နာရီက ကျင်းပခဲ့ရာ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး သန်းကျော်က ပြည်သူ့စစ်မှုထမ်းဥပဒေ၏ ရည်ရွယ်ချက်များ၊ ပြည်သူ့စစ်မှုထမ်းတို့၏ ခံစားခွင့်များ၊ စစ်မှုထမ်းဆောင်ရမည့် အသက်အရွယ်၊ စစ်မှုထမ်းဆောင်ရမည့်ကာလ၊ တရားမဝင်မီဒီယာများ၏ လုပ်ကြံဖန်းတီးရေးသားသည့် သတင်းများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် တက်ရောက်လာကြသူများ၏ မေးမြန်းဆွေးနွေးမှုများကို ခရိုင်ရဲတပ်ဖွဲ့မှူးက ပြန်လည်ဖြေကြားပေးခဲ့သည်။ အဆိုပါ ပြည်သူ့စစ်မှုထမ်းဥပဒေ ချပြရှင်းလင်းဆွေးနွေးပွဲသို့ ဝန်ထမ်းမိသားစုနှင့် ပြည်သူ ၇၀ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)