ညောင်တုန်း ဧပြီ ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကဗျာရေးသားနည်း (အခြေခံ) သင်တန်းဆင်းပွဲနှင့် ကဗျာပြိုင်ပွဲကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
သင်တန်းဆင်းပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်တင်တင်လှိုင်က အဖွင့်အမှာစားပြောကြား၍ သင်တန်းနည်းပြ ကဗျာဆရာ ဘသိန်းဇေမှ ကဗျာရေးသားရာတွင် အရေးကြီးသည့်အခြေခံအချက်များအား စာတွေ့လက်တွေ့သင်ကြားပို့ချပြီးဖြစ်ရာ သင်တန်းသားများ အနေဖြင့် ဆက်လက်လေ့လာသင်ယူကြရန် ပြောကြားခဲ့ပြီး ကဗျာပြိုင်ပွဲကျင်းပရာ သင်တန်းသားများက ယှဉ်ပြိုင်ရေးသားခဲ့ပြီး ဆုရရှိသူများအား ဦးစီးအရာရှိ ဒေါ်တင်တင်လှိုင်က အမှတ်တရ ဆုလက်ဆောင်များ ပေးအပ်ခဲ့သည်။
အဆိုပါ ကဗျာရေးသားနည်း(အခြေခံ)သင်တန်းကို ဧပြီလ ၁၀ ရက်နေ့မှ ၁၂ ရက်နေ့အထိ (၃)ရက်ကြာ စာတွေ့လက်တွေ့ ဖွင့်လှစ်ပို့ချသင်ကြားပေးခဲ့ကြောင်း သိရ သည်။
ထက်ဝေဖြိုး(ပြန်/ဆက်)