မော်လမြိုင်ကျွန်း ဧပြီ ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် မီးဘေးအန္တရာယ်ကင်းဝေးစေရေးအတွက် ကြိုတင်ကာကွယ်ရေး၊ အသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြုခြင်းများအား ဧပြီလ ၁၁ ရက်နေ့ ညနေ (၃) နာရီအချိန်က အမှတ် (၅) ရပ်ကွက် အောင်ဆန်းလမ်းရှိ မြို့မဈေးတွင် ဆောင်ရွက်ခဲ့သည်။
အဆိုပါလုပ်ငန်းဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးမင်းဇော်မှ အဖွဲ့ပိုင်စျေးများ မီးဘေးအန္တရာယ်ကင်းဝေးစေရေးနှင့် ကြိုတင်ကာကွယ်စေရေးအတွက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းညွှန်ချက်များ၊ ဧရာဝတီတိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့၏ ထပ်ဆင့်လမ်းညွှန်ချက်များ၊ စျေးများနှင့်ပတ်သက်၍ သတ်မှတ်ထားသော ဥပဒေ၊ နည်းဥပဒေများ၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာအချက်များအား စျေးသူ/ စျေးသားများ လိုက်နာဆောင်ရွက်ရန် ပြောကြားခဲ့ပြီး မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုးဇော်မှ မြို့မစျေးအတွင်းရှိ ဈေးရုံ၊ ဆိုင်ခန်းများအတွင်း မီးဘေးအန္တရာယ်မဖြစ်ပွားမပေါ်ပေါက်စေရေး၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရမည့်လုပ်ငန်းများ၊ လိုက်နာရမည့်အချက်များ မီးဘေးအန္တရာယ်အရေးပေါ်အခြေအနေ ဖြစ်ပေါ်လာပါက အလျင်အမြန်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားခဲ့ပြီးနောက် လက်တွေ့သရုပ်ပြခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရဲကိုမောင် (ပြန်/ဆက်)