ဒိုက်ဦး ဧပြီ ၁၂
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၌ ၂ဝ၂၄ ခုနှစ်၊ အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ခရိုင်အဆင့်သင်တန်းကို သင်ကြားလျက်ရှိသည်။
အဆိုပါသင်တန်းကို ဧပြီလ ၆ ရက်နေ့မှစတင်၍ မေလ ၁၅ ရက်နေ့အထိ ရက်ပေါင်း ၄၀ အတွင်း ဒိုက်ဦးမြို့ပေါ်ရပ်ကွက်များနှင့်ကျေးရွာများ၌ သင်တန်းနည်းပြ(၅၈)ဦး၊ ကြီးကြပ်(၆)ဦးအား (၅၈)နေရာရှိသင်တန်းသားစုစုပေါင်း(၅၈၅၆)ဦးကို သင်ကြားပေးနေကြောင်း သိရသည်။
သင်တန်းများပို့ချရာသို့ ဒိုက်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးကျော်ဆန်းဦး နှင့်အဖွဲ့ဝင်များမြို့နယ်ပညာရေးမှူးဒေါ်နော်ခရီစဲလ်ဒါနှင့် ပညာရေးဌာနမှတာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)