ညောင်လေးပင် ဧပြီ ၁၂
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ရန်ပုံငွေဖြင့် မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်မှ ဝယ်ယူခဲ့သည့် အရန်ဆန်အိတ်များအနက် ညောင်လေးပင်ခရိုင်အတွင်းရှိ တိုက်ပွဲရှောင်/ယာယီနေရပ်စွန့်ခွာသူများအား ဆန်ရိက္ခာထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက်(၈)နာရီကစ၍ ညောင်လေးပင်မြို့နယ် သာသနာ့ဗိမာန်တော်၌ ပေးအပ်ခဲ့သည်။
ရိက္ခာဆန်များပေးအပ်ရာတွင် ဆန်လက်ခံဖြန့်ဖြူးရေးအဖွဲ့ဝင်များက တစ်ဦးချင်းအလိုက် အိမ်ထောင်စုစာရင်းများဖြင့် တိုက်ဆိုင်စစ်ဆေးမှတ်တမ်းတင်ခြင်း၊ ဖြန့်ဝေပြီးစီးမှုအခြေအနေများအား စာရင်းရှိ၊ ထုတ်ပေးပြီးစီးမှု၊ လက်ကျန်စာရင်းရေးဆွဲ၍ စနစ်တကျ ဆောင်ရွက်ပေးခဲ့ပြီး
ရပ်ကွက်/ကျေးရွာအုပ်စု ၇ အုပ်စုရှိ တိုက်ပွဲရှောင်/နေရပ်စွန့်ခွာသူ အိမ်ထောင်စု(၁၄၄)စု၊ လူဦးရေ(၇၈၉)ဦးအတွက် ဆန်အိတ်(၇၃၉)အိတ် (၁၆)ပြည်(၄)လုံးအား ထောက်ပံ့ပေးအပ်ခဲ့ပြီး ကျန်ရှိသည့် တိုက်ပွဲရှောင်/နေရပ်စွန့်ခွာသူ အိမ်ထောင်စု(၂၁၆၄)စု၊ လူဦးရေ(၁၀၂၅၄)ဦးကို သင်္ကြန်ရုံးပိတ်ရက်ကာလနောက်ပိုင်းတွင် ဆက်လက်ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကျော်စိုးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာကော်မတီအဖွဲ့ဝင်များ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ယာယီနေရပ်စွန့်ခွာသူမိဘပြည်သူများ စုစုပေါင်း (၂၀၀)ဦးကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)