ပန်းတနော် ဧပြီ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများအတွက် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း စာသင်ဝိုင်းများကို ဧပြီလ ၈ ရက်နေ့မှ မေလ ၁၉ ရက်နေ့အထိ ဖွင့်လှစ်သင်ကြာပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ အခြေခံစာတတ်မြောက်ရေးလုပ်ငန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်အတွင်းရှိ ကျေးရွာ (၈၂)ရွာမှ စာမတတ်သူ (၁၂၃၅)ဦးအား စာသင်းဝိုင်း (၈၂)ဝိုင်းတွင် ကြီးကြပ် (၉)ဦး၊ နည်းပြ(၈၂)ဦး၊ တက္ကသိုလ်ကျောင်းသား/သူ (၃) ဦးတို့ဖြင့် အဖွဲ့များခွဲ၍ ဧပြီလ (၈)ရက်နေ့မှ မေလ(၁၉)ရက်နေ့ထိ ဖွင့်လှစ်သင်ကြားပို့ချပေးလျက်ရှိပြီး စာတတ်မြောက်ရေး လာရောက်သင်ကြားသူများအား တစ်ဦးလျှင် ဗလာစာအုပ်၊ ခဲတံနှင့် ပုံနှိပ်စာအုပ်များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုးကျော် (ပြန်/ဆက်)