ဟုမ္မလင်း ဧပြီ ၁၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့တွင် မြန်မာသက္ကရစ် ၁၃၈၅ ခုနှစ်၊ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပရေးအတွက် ဖျော်ဖြေရေးမဏ္ဍပ် ဆောက်လုပ်လျက်ရှိကြောင်း သိရသည်။
အဆိုပါ မဟာသင်္ကြန်ပွဲတော်ကို ဧပြီ ၁၃ ရက် သင်္ကြန်အကျနေ့ မနက်ပိုင်းတွင် ဖွင့်ပွဲကျင်းပမည်ဖြစ်ပြီး သင်္ကြန်ယိမ်းအကများ၊ ဖျော်ဖြေရေးအစီအစဉ်များဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ် ကြောင်း သိရသည်။
ဟုမ္မလင်းမြို့တွင် မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့် အညီ မဟာသင်္ကြန်ပွဲတော်ကို သင်္ကြန်အကျနေ့မှ အတက်နေ့အထိ ရေကစားခြင်း၊ ယိမ်းအကများဖြင့်ဖျော်ဖြေခြင်း၊ စတုဒိသာကျွေးမွေးခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဟုမ္မလင်း(ပြန်/ဆက်)