ကဝ ဧပြီ ၁၂
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာရေးဆရာရန်ကုန် ဘဆွေ၏ "မြန်မာပြည်သား"စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် (၁၀)နာရီက ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန်းသန်း၀င်းက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး၊ စာပေချစ်မြတ်နိုးသူအသင်း(Book Club)အဖွဲ့ဝင် ဦးအောင်ကိုကိုက စာရေးဆရာ ရန်ကုန်ဘဆွေ၏ "မြန်မာပြည်သား" စာအုပ်မှ ရှေးမြန်မာပြည်သားတို့သည် ဆင်းရဲ၏၊ ရိုးသား၏၊ သို့သော်ခမ်းနား၏ ရှေးအစဉ်အလာကိုထိန်းသိမ်းခြင်းနှင့် တင်းတိမ်ရောင့်ရဲတတ်ကြကြောင်း၊ ရှေးမြန်မာတို့၏ နေထိုင်စားသောက်ကြပုံ၊ ဆက်ဆံပေါင်းသင်းကြပုံနှင့် စိတ်နေစိတ်ထား စသည်တို့ကို ထင်ယောင်မြင်ယောင်လာအောင် ရေးသားထားကြောင်း၊ မြန်မာလူမျိုးတို့၏စရိုက်ကို ဖော်ပြထားသော ရန်ကုန်ဘဆွေရေးသားထားသည့် "မြန်မာပြည်သား" ဝတ္ထုသည် စာအုပ်ကောင်းတစ်အုပ်ဖြစ်၍ ဖတ်သင့်ကြောင်း ဦးဆောင်ဆွေးနွေးသွားကာ တက်ရောက်လာသူများက မိမိတို့သိရှိလိုသည်များကို အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ရဲဇော်ဟိန်း(ပြန်/ဆက်)