သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နယ်လှည့်စာကြည့်တိုက်၊ ဟောပြောပွဲ၊ နံရံကပ်စာ​​စောင်ပြပွဲ ကွင်းဆင်းဆောင်ရွက်

သဲကုန်း ဧပြီ ၁၂

ပဲခူးတိုင်း​ဒေသ​ကြီး နတ်တလင်းခရိုင် သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများအား ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းအဖြစ် စာဖတ်ရှိန်မြှင့်တင်ရေး၊ နံရံကပ်စာစောင်ပြပွဲ၊ ဟောပြောပွဲနှင့် နယ်လှည့်စာကြည့်တိုက်လုပ်ငန်းများကို ယနေ့နံနက်(၉)နာရီအချိန်က ပုတီးကုန်းမြို့၊ အခြေခံပညာအထက်တန်းကျောင်း (ပုတီးကုန်း)၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဝင့်နန္ဒာ​ဌေး ကကျောင်းသား‌၊ ကျောင်းသူများအနေဖြင့် ကျောင်းစာကို ကြိုးစားကြသလို ပြင်ပဗဟုသုတတိုးပွားစေရေးအတွက် ပြင်ပစာ‌ပေများကို‌ လေ့လာဖတ်ရှုကြရန်၊ ပြင်ပစာအုပ်စာစောင်များ လေ့လာဖတ်ရှုခြင်းကြောင့် ကိုယ်တိုင်စဉ်းစားတွေးခေါ်တတ်သော အတွေးအခေါ်အမြော်အမြင်များ ရရှိမည်ဖြစ်ကြောင်း၊ ပူ​ပြင်းခြောက်သွေ့သော နွေရာသီရောက်ရှိလာပြီ ဖြစ်သည့်အတွက်ကြောင့် အပူလွန်ကဲခြင်းကြောင့် နောက်ဆက်တွဲခံစားရမည့် ကျန်းမာရေးဆိုင်ရာပြဿနာများ၊ ဆောင်ရန်၊ ​ရှောင်ရန်များ အကျယ်တဝင့် ဟောပြောခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော နံရံကပ်စာစောင်များသုတ၊ ရသစာအုပ်စာစောင်များအား ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့် ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများအနေဖြင့် ​ကျောင်းသား၊ ကျောင်းသူများ ပြည်သူများစာပေကို အလွယ်တကူ ဖတ်ရှုလေ့လာနိုင်ရေးအတွက် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် ရပ်ကွက်၊ ကျေးရွာများနှင့် အခြေခံပညာကျောင်းများအရောက် လိုက်လံငှားရမ်းပေးခြင်းဖြစ်ကြောင်း သိရသည်။

ကိုကျော်(ပြန်/ဆက်)